#World_Science
Published 6 August 2023

အန္တာတိကတိုက်လိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ နေရာမျိုးမှာ သိပ္ပံပညာရှင်တွေက ဖရဲသီးများစိုက်ပျိုးပြီး ထူးထူးခြားခြား မှတ်ကျောက်တစ်ခု တင်နိုင်ခဲ့ပါတယ်။

 

အေးစက်လှတဲ့ ဝင်ရိုးစွန်းရှိ ရုရှားသုတေသနဌာန ဗော့စ်တော့ခ်စခန်းမှာ ယခုကဲ့သို့ ထူးခြားတဲ့ အောင်မြင်မှုရခဲ့တာကို Live Science က ဖော်ပြတာဖြစ်ပါတယ်။

 

ထိုဒေသဟာ ကမ္ဘာပေါ်မှာ အချမ်းအေးဆုံးနေရာအဖြစ် သတ်မှတ်ထားကာ အပူချိန်က အရိုးခိုက်ချင်စရာ အနုတ် ၁၂၈.၆ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းပါတယ်။

 

ဖရဲသီးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၃၀၀ က ယနေ့ဆူဒန်နေရာမှာ အစပြုခဲ့တာဖြစ်ပြီး တိုင်းပြည်ရဲ့ သမိုင်းဝင်လက်ရာတွေမှာပါ သင်္ကေတအသီးအနှံအဖြစ် တည်ရှိပါတယ်။

 

အဆိုပါ ဆန်းသစ်တီထွင်မှုကို ရုရှားအန္တာတိတ်စူးစမ်းလေ့လာရေးဌာန (AARI)မှ သုတေသီများရဲ့ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာ သုတေသနဌာန၊ ရုရှားသိပ္ပံအကယ်ဒမီရဲ့ ဇီဝဆေးဘက်ဆိုင်ရာဌာနတို့မှ ကျွမ်းကျင်သူများနဲ့ ပူးပေါင်းကာ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီစမ်းသပ်ကြိုးပမ်းမှုကြောင့် ဗော့စ်တော့ခ်ဖန်လုံအိမ်ဟာ ဖရဲသီးစိုက်ပျိုးကြီးထွားရာ နေရာကြီးဖြစ်လာပါတယ်။

 

လေထုအပူချိန်နဲ့ စိုစွတ်မှုကို လိုသလိုထိန်းချုပ်ခြင်းဖြင့် သိပ္ပံပညာရှင်တွေဟာ ဖရဲသီးများကြီးထွားရာ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

 

သုတေသနအဖွဲ့က အရသာတစ်ခုတည်းမဟုတ်ဘဲ ဖန်လုံအိမ် လိုက်လျောညီထွေဖြစ်မှုကိုပါ ဦးစားပေးပြီး စောစီးစွာမှည့်တတ်တဲ့ ဖရဲသီးမျိုးကွဲနှစ်မျိုးကို ရွေးချယ်ခဲ့ပါတယ်။

 

ရွေးချယ်လိုက်တဲ့ ဖရဲသီးအစေ့များကို မြေဆီလွှာမှာ ကျဲချပြီး သဘာဝနေရောင်ခြည်ကို ထုတ်လုပ်ကာ အလင်းရောင်နဲ့ ထိတွေ့စေပါတယ်။

 

ကနဦးအစေ့ချခြင်း ၁၀၃ ရက်မြောက်တိတိမှာ အပင် ၆ ပင်ကနေ ရင့်မှည့်ပြီး နှစ်သက်စရာကောင်းတဲ့ ဖရဲသီး ၈ လုံးရရှိခဲ့ပါတယ်။

 

ဖရဲသီးများဟာ အရွယ်အစားအားဖြင့် ၂ ပေါင်အထိရှိပြီး အချင်း ၅ လက်မရှိကြောင်း ရုရှားပထဝီဝင်အဖွဲ့က အသေးစိတ်ဖော်ပြခဲ့ပါတယ်။

 

၂၀၂၀ ကလည်း ထိုစခန်းကနေ ဇီယာ၊ ပင်စိမ်း၊ နံနံပင်၊ ဂေါ်ဖီထုပ်တို့ကိုလည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။

 

#World_Science #ရုရှားသိပ္ပံပညာရှင်များဖရဲသီးအောင်မြင်စွာစိုက်ပျိုး
Source: WION