#World_Health
Published 5 August 2023


ခန္ဓာကိုယ်ကနေ မလိုအပ်တဲ့ အမွှေးအမျှင်တွေကို လူတွေက ဖယ်ရှားတတ်ကြပေမယ့် နှာခေါင်းထဲက အမွှေးကိုတော့ မဖယ်ရှားသင့်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုလိုက်ပါတယ်။

 

နှာခေါင်းမွှေးတွေကို ဆွဲနှုတ်ခြင်းဟာ အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို အီဒါဟိုမှ ဒေါက်တာ'ဒွန်ဂျေဘီစလေ'က ပြောပြသွားပါတယ်။

 

နှာခေါင်းဟာ အလွန်နူးညံ့တဲ့နေရာဖြစ်ပြီး သွေးကြောများ၊ အမြှေးပါးများ ပါဝင်ပါတယ်။

 

အမွှေးဆွဲနှုတ်ခြင်းဟာ အလွန်မခံသာတဲ့ ခံစားမှုဖြစ်ပြီး နာကျင်ခြင်း၊ နီရဲခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

နှာခေါင်းထဲက အမွှေးတွေက အလွန်အရေးပါပြီး ရှူသွင်းလိုက်တဲ့လေကို စစ်ထုတ်ခြင်း၊ ဖုန်မှုန့်များ၊ အမှုန်အမွှားများ ပိတ်ထားပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။

 

မသန့်ရှင်းတဲ့ ပုံစံဖြင့်ဖယ်ရှားမိရင် မွှေးညင်းပေါက်ရောင်ရမ်းပြီး ရောဂါပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်။

 

လူနာများက နှာခေါင်းမွှေးဆွဲနှုတ်ပြီး အနာဖြစ်နေတာတွေကို ဒေါက်တာနီကိုးလ်အေရွန်ဆန်က ကုသပေးရကြောင်း ပြောကြားလာပါတယ်။

 

အမွှေးနှုတ်ပြီးနောက် ထပ်ထွက်လာတဲ့အမွှေးဟာ အရေပြားကို မဖောက်ထွက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

 

မျက်နှာကို အမွှေးရိတ်ပြီး ဆဲလ်သေတွေဖယ်ရှားတဲ့ နည်းလမ်းတွေ ဆိုရှယ်မီဒီယာတွေမှာ နာမည်ကြီးနေကြပါတယ်။

 

မျက်နှာပေါ်ရှိ အမွှေးလေးတွေက ပုံမှန်သဘောသာဖြစ်ပြီး သူများရိတ်တဲ့အတိုင်း လိုက်လံပြုလုပ်စရာမလိုဘူးလို့ ဒေါက်တာ'ရို့စ်ပယ်ရီ'က ပြောပြခဲ့ပါတယ်။

 

တစ်တော့ဗီဒီယိုတွေထဲကလို လိုက်မလုပ်သင့်ဘဲ ကျွမ်းကျင်သူများနဲ့သာ တိုင်ပင်သင့်ပါတယ်။

 

မိမိဘာသာ မျက်နှာပြင်အမွှေးရိတ်ခြင်းမျိုးကို အားမပေးဘဲ အမွှေးပြန်ပေါက်တဲ့အခါ ပိုဆိုးရွားလာနိုင်ကာ ပိုမိုထူထဲလာနိုင်ပါတယ်။

 

ဒါ့အပြင် ဝက်ခြံ၊ အရေပြားယားယံခြင်း၊ ရောဂါပိုးကူးစက်ခြင်းတို့လည်း ဖြစ်နိုင်ချေရှိတယ်လို့ ပြောပြသွားပါတယ်။

 

#World_Health #နှာခေါင်းအတွင်းမှ အမွှေးမျှင်ဆွဲနှုတ်
Source: The Jerusalem Post