Published 2 November 2021

ဂျော်ဒန်နိုင်ငံရဲ့ အံ့ဘနန်း ဝါဒီရမ်တောင်ကြားက တံလျှပ်တွေတဖြတ်ဖြတ်ထနေတဲ့ ‌သဲပြင်နီကြီးတစ်လျောက် မြင်းကိုကဆုန်ပေါက် စီးနင်းရင်း မြင်းစီးသမား၁၀၀ကျော်ဟာ ခက်ခဲလှတဲ့ ခရီးရှည်မြင်းစီးပြိုင်ပွဲကြီးကို လမျက်နှာပြင်နှင့်တူလှတဲ့ ကန္တာရထဲမှာ ဆင်နွှဲနေကြပါတယ်။

၁၂၅မိုင်ရှည်လျားပြီး ငါးရက်ကြာ ပြိုင်ကြရတဲ့ မြင်းကဆုန်ပေါက်ပြေးပြိုင်ပွဲကြီးမှာ အပျော်ထမ်း ဂျော်ကီတွေက အဓိက ဝင်ပြိုင်နေကြပါတယ်။

သူတို့ရဲ့ မြင်းစီးယှဉ်ပြိုင်တဲ့မြင်ကွင်းတွေကို လှပတဲ့ ကန္တာရရှုခင်းတွေနှင့်အတူ ရုပ်သံတင်ဆက်ပေးထားပါတယ်။

Source AFP