Published 31 October 2021

ဂျပန်မဲဆန္ဒရှင်တွေဟာ အောက်တိုဘာ၃၁ရက် တနင်္ဂနွေနေ့မှာ မဲရုံတွေဆီမဲသွားပေးနေကြပါတယ်။  လက်ရှိ ဖူမီယိုကီရှီဒါရဲ့ ကွန်ဆာဗေးတစ်အစိုးရကိုပဲ ထောက်ခံကြမလား ဒါမှမဟုတ် ဝန်ကြီးချုပ်အသစ်ကို အားပျော့စေပြီး ကမ္ဘာ့တတိယစီးပွားရေး အင်အားအကောင်းဆုံးဂျပန်နိုင်ငံအနေနှင့် နိုင်ငံရေးမရေမရတဲ့ကာလကြီးကို ပြန်သွားနိုင်ဖို့များသလား ဆိုတာကို အဆုံးအဖြတ်ပေးတော့မှာဖြစ်ပါတယ်။

မဲပေးပွဲဟာ ကီရှီဒါကို စမ်းသပ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ သူက ဒီလစောစောပိုင်းမှာ ဝန်ကြီးချုပ်ဖြစ်လာပြီး မဆိုင်းမတွပဲ ရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပါတယ်။ သူရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးလွဲမှားစွာ ကိုင်တွယ်နေတယ်ဆိုပြီး အထုအနှက်ခံခဲ့ရပါတယ်။

ကီရှီဒါဟာ စစ်ရေးအသုံးတွေ အကြီးအကျယ်မြှင့်တင်ပြီး တရုတ်နှင့် တင်းမာတဲ့ရပ်တည်ချက်တွေနှင့် ဆောင်ရွက်နေစဉ်မှာပဲ ဆင်းရဲတဲ့လူတွေကို ကူညီပေးမယ့် မူဝါဒတွေကို ရှေ့ဆက်ဖို့ ခက်ခဲရုန်းကန်ခဲ့ရပြီးဖြစ်နေပါတယ်။

သူ့ရဲ့ထိုင်းထိုင်းမှိုုင်းမှိုင်းပုံရိပ်ဟာ မဲဆန္ဒရှင်တွေက လှုံ့ဆောင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ အယ်လ်ဒီပီဟာ အောက်လွှတ်တော်မှာ အများစုနေရာရှုံးနိမ့်မယ့် အရေးကြုံနေပါတယ်။ ဒါဟာ ၂၀၀၉ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်လို့ သဘောထား စစ်တမ်းကောက်ယူချက်တွေက ပြသနေတာပါ။

“ ကပ်ဘေးဟာ အလုံးစုံချုပ်ငြိမ်းပြီး လူ့အဖွဲ့အစည်းက တည်ငြိမ်ပြီလို့ ပြောရခက်တယ်။  ကိုရိုနာဗိုင်းရပ်စ်မူဝါဒမှာ ကြီးကြီးမားမားးပြောင်းလဲမှု တစ်ခုမှမရှိသင့်ဘူး” လို့မဲပေးပြီးပြန်လာတဲ့ ဆရာဝန် နာအိုကီအိုကူယာကပြောပါတယ်။

အစိုးရဆီမှာအပြောင်းအလဲတောင်းဆိုတာထက်စာရင် အဆက်မပြတ်ဖို့ကိုပဲ တောင်းဆိုသင့်တယ်လို့ထင်တယ်” လို့ သူကပြောပါတယ်။

မဲပေးမှုက ည၈နာရီမှာအဆုံးသတ်မှာဖြစ်ပြီး ခန့်မှန်းရလဒ်တွေကို အဲဒီနောက်ပိုင်းသိပ်မကြာခင်မှာ မီဒီယာတွေဆီကနေ သိကြရမှာဖြစ်ပါတယ်။

အယ်လ်ဒီပီပါတီရဲ့ အဓိက အမတ်တွေမှာ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနှင့် ရင်ဆိုင်နေကြရတယ်။ အဲဒီအထဲမှာ ပါတီအထွေထွေ အတွင်းရေးမှူး အာကီယာအာမာရီလည်းပါဝင်နေပါတယ်။

ဝန်ကြီးချုပ်ကီရှီဒါအနေနှင့် ဂျပန်ရဲ့ခက်ခဲတဲ့ အမျိုးသားကိစ္စအရေးအရာတွေကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုရင် ပေါင်းစည်းတဲ့ပါတီတစ်ခုနှင့် အားကောင်းတဲ့ ကိုယ်စားလှယ်အရေအတွက်တစ်ခုကို အောက်တိုဘာ ၃၁ရက်နေ့မှာပြသဖို့ လိုအပ်လိမ့်မယ် လို့ နိုင်ငံခြားဆက်ဆံရေးကောင်စီရဲ့ အကြီးတန့်းပညာရှင် ရှီလာအေစမစ်က ဘလော့ခ်ပို့စ်တစ်ခုမှာ ရေးသားလိုက်ပါတယ်။

မဲပေးကြသူအရေအတွက်ကလည်းအရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များများထွက်ပြီးမဲပေးတာဟာ အတိုက်အခံ တွေကို နှစ်သက်တာကို ဦးတည်တတ်စေပါတယ်။ မွန်းလွဲ(၂)နာရီအထိတော့ ၂၁.၄၉ ရာခိုင်နှုန်းပဲမဲလာပေးကြပါသေးတယ်။ ယခင်အောက်လွှတ်တော်မဲပေးခဲတာတက် ၀.၃၄ မှတ်လျော့နည်းပါတယ်။ ဒါပေမယ့် ၁၆.၆သန်းကတော့ ကြိုတင်မဲပေးထား ကြပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။

အကြီးဆုံးအတိုက်အခံအုပ်စုဖြစ်တဲ့ ကွန်စတီကျူရှင်နယ်ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်အမတ်နေရာတွေရဖို့ရှိနေပေမယ့် ကီရှီဒါရဲ့ညွန့်ပေါင်းကို ပြိုလဲသွားနိုင်လောက်တဲ့အထိ များနိုင်ဖို့မရှိပါဘူး။

ပြီးခဲ့တဲ့အပတ်က အင်န်အိတ်ချ်ကေရုပ်သံက စစ်တမ်းကောက်ကြည့်တဲ့အခါ ကွန်စတီကျူရှင်နယ်ဒီမိုကရက်တွေကို ထောက်ခံတာ ၈ရာခိုင်နှုန်းပဲရှိပြီး အယ်လ်ဒီပီကိုထောက်ခံတာ ၃၉ရာခိုင်နှုန်းရှိနေကြောင်း ရိုက်တာကရေးသားပါတယ်။

Source Reuters