၂၅ ဇွန် ၂၀၂၃

တရုတ်လျှပ်စစ်ကားကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေအတွက် ကားထုတ်လုပ်ရေးနှင့်ဖြန့်ချိရေးဗဟို အခြေစိုက်နေရာအဖြစ် မျက်စေ့ကျနေတယ်လို့ ထိုင်း-တရုတ်ကုန်သည်ကြီးများအသင်းက သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိရင်းနှီးမြှပ်နှံမှုမက်လုံးတွေကြောင့် တရုတ်ကားထုတ်လုပ်သူတွေအတွက် ထိုင်းဟာ အလားအလာရှိ နေတာပါ။အဲဒါကြောင့်ရင်းနှီးမြှပ်နှံမှုတွေဟာ စီးဝင်လာနေတယ်လို့ အဲဒီကုန်သည်အသင်းဥက္ကဋ္ဌနာရွန်ဆက်ပတ်သပွန် မွန်ဂိုက ဇွန်လ ၂၅ရက် တနင်္ဂနွေနေ့က နစ်ကေးအေးရှားသတင်းစာကိုပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဟိုဇွန်စွမ်းအင်သစ်ကားကုမ္ပဏီဟာ အရှေ့တောင်အာရှနိုင်ငံတွေကို ရောင်းချပေးဖို့ ထိုင်းနိုင်ငံမှာ ကားတွေကို ၂၀၁၄မှာစတင်ထုတ်လုပ်ပါတော့မယ်။ အဲဒီကားကုမ္ပဏီဟာ ဒေသထဲမှာ ထိပ်တန်း ကားထုတ်လုပ်ရာ အချက်အခြာဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်တဲ့ နောက်ဆုံးကားကုမ္ပဏီဖြစ်လာပါတယ်။

အဲဒီအပြင် Chongqing Changan Automobile နှင့် GAC Aion တို့ဟာလည်း တန်ဖိုးစုစုပေါင်း ၁၆.၂ ဘီလျံ ဘတ် (ဒေါ်လာ၄၇၀သန်း)ရှိတဲ့  လျှပ်စစ်ကားထုတ်လုပ်ရေးတွေ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုလုပ်ဖို့ စီစဉ်နေပါတယ်။ Great Wall Motor and BYD တို့ကတော့ အရှေ့ပိုင်းရနောင်းပြည်နယ်မှာ ကားစက်ရုံတွေတည်ထောင်ပြီးပါပြီ။

“ MG၊ Great Wall Motor နှင့် BYDတို့ရဲ ရင်းနှီးမြှပ်နှံမှုတွေကတစ်ဆင့် လျှပ်စစ်ကားတွေဟာ စိတ်ကူးအသစ်   နှင့်တီထွင်  ဆန်းသစ်မှုအရှိဆုံးလုပ်ငန်းအဖြစ်မြင်တွေ့နေရပါပြီ” လို့ နာရွန်ဆက်ကပြောပါတယ်။

Source: Bloomberg

#EVChinaeyesthailand

#EV_China

#yangonmediagroup

#yangontimes