၁၈ ဇွန် ၂၀၂၃

တက်စ်လာ Tesla ဟာ ၄၅စက္ကန့်တိုင်းမှာ လျှပ်စစ်ကားတစ်စီးထုတ်လုပ်နိုင်တာကို Giga Lab  ဖွင့်လှစ်ပြီးအများပြည်သူကို ပြသလိုက်ပါပြီ။

တကယ်တမ်းတော့ တက်စ်လာရဲ့ ဂစ်ဂါ စက်ရုံတစ်ရုံရဲ့ နောက်ကွယ်ကမြင်ကွင်းတွေကို သိပ်မြင်တွေ့ဖူးကြလေ့မရှိပါဘူး။

တစ်ခါတစ်ခါ တက်စ်လာကုမ္ပဏီရဲ့ ကြော်ငြာက ဗွီဒီယိုအပိုင်းအစတိုကလေးတွေမှာသာတွေ့ဖူးကြတာပါ။

အခုအဲဒါတွေပြောင်းလဲသွားပါပြီ။ တက်စ်လာက ယင်းရဲ့ Giga Lab ဂစ်ဂါလက်ဗ် အသစ်ဟာ လျှပ်စစ်ကားတွေ ဘယ်လို တည်ဆောက်ထုတ်လုပ်နေတယ်ဆိုတာကို ပြည်သူတွေကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်နေပါပြီ။

တရုတ်နိုင်ငံမှာရှိတဲ့ တက်စ်လာရဲ့ အယူအဆသစ် စတိုးဟာ ၄၅ စက္ကန့်လောက်နှင့် ကားတစ်စီးထုတ်လုပ်နိုင်အောင် တည်ဆောက်ထားပါတယ်။ ဒါဟာလည်း လက်ရှိရှန်ဟိုင်းက ဂစ်ဂါစက်ရုံမှာ တကယ်ထုတ်လုပ်နေတာကို ပုံပွားပြသထားတာပဲဖြစ်ပါတယ်။

ကားဝယ်ချင်သူတွေအတွက် အဲဒီပြခန်းဟာ တက်စ်လာအရောင်းပြခန်းပဲဖြစ်ပြီး လျှပ်စစ်ကားတွေကို အဲဒီမှာဝယ်နိုင်တယ်လို့  တက်စ်လာ အေးရှားကပြောပါတယ်။အတွေ့အကြုံသစ်ကြီးတစ်ခုကို ထပ်တိုးပေးကမ်း တာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source CCTV/Tesla Asia