#WorldNews

Published-  26 October 2021

ဆိုးလ်တရားရုံးတစ်ခုက ဆမ်ဆောင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့ ဥက္ကဌ လီဂျယ်ယောင်ကို တရားမဝင်ဆေးဝါးသုံးစွဲမှုကြောင့် ဝမ်သန်း ၇၀ (၅၉၄၆၁.၆၂ ဒေါ်လာ) ဒဏ်ငွေတပ်လိုက်ကြောင်း ယွန်ဟပ်သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြထားပါတယ်။

မေ့ဆေးပေးတဲ့အခြေအနေမှာ အသုံးပြုရတဲ့ propofol ကို ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း လီဂျယ်ယောင်က ကြိမ်ဖန်များစွာ သုံးစွဲခဲ့တာကြောင့် ဆိုးလ်ဗဟိုတရားရုံးက ဒဏ်ကြေးတပ်လိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားဥပဒေအရ တားမြစ်ထားတဲ့ဆေးကို တရားမဝင်ထိုးသွင်းခံတဲ့သူအပြင် ထိုးသွင်းပေးတဲ့သူကိုပါ တရားစွဲဆိုခွင့်ရှိပါတယ်။

ဇန်နဝါရီလက လာဘ်ပေးလာဘ်ယူမှုနဲ့ အလွဲသုံးစားလုပ်မှုတို့ကြောင့် ပြစ်ဒဏ်ကျခံနေရာမှ ဩဂုတ်လအတွင်း အပြုအမူဆင်ခြင်နေထိုင်ပါ့မယ် ကတိပေးကာ လွှတ်ပေးလိုက်ချိန်မှစပြီး လီဂျယ်ယောင်ဟာ သိုသိုသိပ်သိပ်နေထိုင်လာခဲ့ပါတယ်။

စတော့ရှယ်ယာဈေးကွက် ခြယ်လှယ်ချုပ်ကိုင်မှုအပြင် ၂၀၁၅ က ဆမ်ဆောင်းကုမ္ပဏီခွဲ ၂ ခုပူးပေါင်းခဲ့တဲ့ ဒေါ်လာ ၈ ဘီလီယံကိစ္စမှာလည်း လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံရမှုကြောင့် အမှုစစ်ဆေးခံနေရဆဲဖြစ်ပါတယ်။

Source: Reuters