Published 14 May 2023

ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ယနေ့ မေလ ၁၄ ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဝေဖန်မှုတွေခံနေရတဲ့ လက်ရှိ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဦးဆောင်တဲ့ အစိုးရရဲ့ ကံကြမ္မာကို ယခုရွေးကောက်ပွဲက ဆုံးဖြတ်ပေးပါလိမ့်မယ်။

ဘန်ကောက်စံတော်ချိန်မနက်၈နာရီကစပြီး မဲရုံတွေစတင်ဖွင့်လှစ်ခဲ့တဲ့အခါ ရွေးကောက်ပွဲအရာရှိတွေက မဲလာပေး  မယ့်သူတွေ များပြားလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်စနစ်အတွက် မဲပေးခွင့်ရှိသူ ၅၂သန်းက လွှတ်တော်အမတ် ၅၀၀ကိုရွေးချယ်မဲပေးကြပါလိမ့်မယ်။ မဲပေးသူတစ်ဦးဟာ မဲပြားနှစ်ခုပေးစရာလိုပြီး တစ်ခုက  မဲဆန္ဒနယ်အလိုက်ကိုယ်စားလှယ်လောင်းကိုပေးဖို့ဖြစ်ပြီး နောက်တစ်ခုက ပါတီအလိုက်စာရင်းလုပ်ထားတဲ့ လွှတ်တော်အမတ်တွေကိုမဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်း (၃)နေရာပြိုင်ထားတဲ့ အတိုက်အခံဖြူထိုင်းပါတီ Pheu Thai က အနည်းဆုံး လုပ်ခလစာတွေတိုးမြှင့်ဖို့၊လူမှုဖူလုံရေးငွေကြေးတွေပံ့ပိုးဖို့၊စစ်တပ်ကို နိုင်ငံရေးကထုတ်ပယ်ဖို့ ဆိုတာတွေတောင်းဆိုထား    ပြီး လက်ရှိမှာ ဦးဆောင်နေတယ်လို့ စစ်တမ်းများအရသိရပါတယ်။

အဲဒီဖြူထိုင်းပါတီမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ သမီးအငယ်ဆုံး အသက်၃၆နှစ်အရွယ် ပေတွန်တမ်က ဝန်ကြီးချုပ်လောင်းအဖြစ်စာရင်းသွင်းထားပါတယ်။အဲဒီအပြင် အသက်၅၉နှစ်အရွယ် အိမ်ခြံမြေလုပ်ငန်းသူဋ္ဌေးကြီး ဆရက်သာ သာဝီဇင်ကလည်း နောက်ထပ်ဝန်ကြီးချုပ်လောင်းအဖြစ် အတူတူယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။သက်ဆင်ရဲ့ သမီးငယ်က လူငယ်တွေအကြားရေပန်းစားနေပါတယ်။

ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန်စနစ်ကျင့်သုံးပါတယ်။ ရွေးကောက်ပွဲကိုလေးနှစ်တစ်ကြိမ်ကျင်းပပြီး ၂၀၁၉ခုနှစ်က နောက်ဆုံးရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်-

✅Website>>>>

✅Telegram>>>>>

Source WION

#ထိုင်းနိုင်ငံရွေးကောက်ပွဲ

#ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ

#YangonMediaGroup