#World_Science
Published 14 May 2023


စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်းအတွက် အဖိုးတန်နည်းလမ်းတစ်ခုကို တွေ့ရှိထားပြီဖြစ်ပါတယ်။

 

လျော့နည်းတဲ့အပူချိန်ထဲမှာ ပလတ်စတစ်တွေကို ဖြိုခွဲချေဖျက်နိုင်တဲ့ အဏုဇီဝဘက်တီးရီးယားတစ်မျိုးကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

အဏုဇီဝသက်ရှိအများအပြားက ဒီလိုဖြိုခွဲနိုင်တယ်လို့ တွေ့ရှိပြီးသားဖြစ်ပေမယ့် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်ကျော်မှ လုပ်နိုင်ပါတယ်။

 

ဆွစ်ဖက်ဒရယ်အင်စတီကျုWSLမှ သိပ္ပံပညာရှင်များက အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ပလတ်စတစ်တွေကို ချေဖျက်နိုင်တဲ့ အဏုဇီဝပိုးမွှားတွေကို တွေ့ရှိခဲ့ကာ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်းမှာ တိုးတက်နိုင်မယ်လို့ သိရပါတယ်။

 

ဒေါက်တာ'ဂျိုရယ်ရူသီ'နဲ့အဖွဲ့က ဘက်တီးရီးယား ၁၉ မျိုးနဲ့ မှိုမျိုးကွဲ ၁၅ မျိုးတို့ကို ဂရင်းလန်း၊ ဆဗယ်ဘာ့၊ ဆွစ်ဇာလန်တို့မှာ တစ်နှစ်ကြာအောင် မြေမြှုပ်ထားခဲ့တဲ့ ပလတ်စတစ်တွေပေါ်မှာ ထားရှိခဲ့ပါတယ်။

 

အဏုဇီဝပိုးမွှားတွေကို ဓာတ်ခွဲခန်းအမှောင်ထဲမှာ ၁၅ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် ကြီးထွားစေခဲ့ကာ ပလတ်စတစ်အမျိုးမျိုးကို ချေဖျက်နိုင်ခြင်းရှိ/မရှိ စမ်းသပ်ခဲ့ကြပါတယ်။

 

စမ်းသပ်တဲ့ပလတ်စတစ်တွေကတော့ ဇီဝနည်းအရမပြိုကွဲနိုင်တဲ့ ပိုလီအီသလင်း၊ ပြိုကွဲနိုင်တဲ့ ပိုလီအက်စ်တာ-ပိုလီယူရီသိန်းအပြင် ပိုလီဗျူတိုင်လင်းအက်ဒီပိတ်တယ်ရက်သာလိတ်နဲ့ ပိုလီလက်တစ်အက်ဆစ်တို့လည်း ပါဝင်ပါတယ်။

 

ပလတ်စတစ်တွေပေါ်မှာ ၁၂၆ ရက်ထားပြီးနောက် ဘယ်ပိုးမွှာကမှ ပိုလီအီသလင်းကို မဖြိုခွဲနိုင်ခဲ့ပါဘူး။

 

မျိုးကွဲ ၁၉ မျိုးကတော့ အချို့သောပလတ်စတစ်တွေကို ၁၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ချေဖျက်နိုင်တာတွေ့ရပါတယ်။

 

အယ်လ်ပိုင်းနဲ့ အာတိတ်မြေတို့မှ မူလအဏုဇီဝတက်ဆာက ၁၅ ဒီဂရီမှာ ပလတ်စတစ်ကိုဖြိုခွဲနိုင်တာကိုတွေ့ရပါတယ်။

 

ဒီပိုးမွှားတွေဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချခြင်းလုပ်ငန်းစဉ်တွေမှာ အကုန်အကျသက်သာစေမှာဖြစ်ပါတယ်။

 

စမ်းသပ်မျိုးကွဲအများစုက အနည်းဆုံးတော့ ပလတ်စတစ်တစ်မျိုးကို ဖြိုခွဲနိုင်ခဲ့တာဖြစ်ပါတယ်။

 

အပင်ဆဲလ်နံရံဖြိုခွဲရာမှာ ပါဝင်တဲ့ ပိုလီမာဖြိုခွဲအင်ဇိုင်းတွေကို အဏုဇီဝပိုးမွှားတွေက ထုတ်လုပ်ပေးကြောင်း ဒေါက်တာ'ဘိဖရေး'က ရှင်းပြခဲ့ပါတယ်။

 

Source: WION #World_Science #ပလတ်စတစ်များကိုချေဖျက်နိုင် #အဏုဇီဝပိုးမွှား
#YMG #Yangon_Media_Group