Published 14 May 2023

အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ်(၂) သံတမန်တစ်ဦးဖြစ်တဲ့ လက်ထောက် နိုင်ငံခြားရေဝန်ကြီး  ဝင်ဒီရှာမန်းဟာ ဝါရှင်တန်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆယ်စုနှစ်သုံးစုအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လာမယ့်ဇွန်လကုန်  မှာ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။

ရှာမန်းဟာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို အမျိုးသမီးတွေထဲမှာ ပထမဆုံးထမ်းဆောင်တာပါ။ သူဟာ ဘိုင်ဒင်အစိုးရနှင့် တရုတ်နှင့်သံတမန်ဆက်ဆံရေးကို ဦးဆောင်ခဲ့ပြီး ရုရှားနှင့် မအောင်မြင်ခဲ့တဲ့‌ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ရှာမန်းဟာ အမျိုးသမီးတွေအတွက် အတားအဆီးတွေကို ဖောက်ထွက်နိုင်ခဲ့သူဖြစ်ပြီး ကျွန်တော်တို့ရဲ့ခေတ်မှာ အခက်ခဲဆုံး နိုင်ငံခြားရေးမူဝါဒရဲ့ စိန်ခေါ်မှုတွေထဲက အချို့ကို လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ချီးကျူးပြောဆိုပါတယ်။

“ ကျွန်တော်တို့နိုင်ငံဟာ သူမရဲ့ ခေါင်းဆောင်မှုကြောင့်ပိုပြီးလုံခြုုံစိတ်ချလာရတယ်။ မိတ်ဖက်ဖွဲ့စည်းမှုတွေလည်း သန်စွမ်းခဲ့တယ်” လို့ ဘလင်ကန်က ပြောပါတယ်။

၂၀၂၁ခုနှစ်မှာ အစိုးရထဲရောက်ပြီးနောက် သူမရဲ့ နောက်ဆုံးတာဝန်က ပထဝီနိုင်ငံရေးဒီရေတွေကို ရွှေ့ပစ်ခဲ့တာဖြစ်တယ် လို့ သူမက အာဖဂန်ကနေ အမေရိကန်တပ်တွေရုပ်သိမ်းခဲ့တာ၊တရုတ်နှင့်ယှဉ်ပြိုင်မှုမြင့်တက်ခဲ့တာနှင့် ယူကရိန်းစစ်ပွဲတွေကို ထောက်ပြကိုးကားပြီး ရှာမန်းက နိုင်ငံခြားရေးဌာနဝန်ထမ်းတွေကို သူမရဲ့အသိပေးကြေညာ  ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

Source Reuters

#အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဝင်ဒီရှာမန်း

#ဝင်ဒီရှားမန်းတာဝန်မှအနားယူ

#YangonMediaGroup