#World_Health
Published 5 May 2023


ဟားဗတ်တက္ကသိုလ်မှ မော်လီကျူးဇီဝဗေဒပညာရှင်'ဒေးဗစ်ဆင်ကလဲယား'ဟာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပေမယ့် DNA စစ်ဆေးချက်အရ ၄၃ နှစ်သာရှိပါတယ်။

 

ဒီလိုပြန်လည်နုပျိုစေတာဟာ နေ့စဉ်ရိုးရှင်းတဲ့အလေ့အကျင့် ၄ မျိုးပြုလုပ်တာပဲဖြစ်ပါတယ်။


ဇီဝအသက်အရွယ်က ဆဲလ်တွေရဲ့ကျန်းမာမှုအပေါ်မူတည်ပြီး တိုင်းတာတာဖြစ်ကာ အသက်ရှင်သန်တဲ့နှစ်အပေါ် တွက်ချက်တာမဟုတ်ပါဘူး။

 

သူဟာ ဒီလိုကျန်းမာနုပျိုစေမယ့်နည်းလမ်းကို အသက် ၃၀ အရွယ်ဝန်းကျင်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဘယ်သူကမှ ဖျားနာတာမျိုးမဖြစ်ချင်သလို ရောဂါဘယတွေကို ကြိုတင်ကာကွယ်ဖို့က အလွန်အရေးကြီးပါတယ်။

 

ဆင်ကလဲယားက အိုမင်းရင့်ရော်ခြင်းကိုဆန့်ကျင်တဲ့ကဏ္ဍမှာ လှုံ့ဆော်မှုများပြုလုပ်ထားပြီး စာအုပ်စာတမ်း၊ အင်တာဗျူးတွေမှာလည်း ရေးသားပြောဆိုထားပါတယ်။

 

ပြန်လည်နုပျိုစေတဲ့ သူ့ရဲ့နည်းလမ်း ၄ မျိုးကတော့...

 

(၁) တစ်ပတ်လျှင် ၃ ကြိမ်ပြေးခြင်း

 

အိုမင်းရင့်ရော်ခြင်းကိုဆန့်ကျင်တဲ့နည်းလမ်းတွေထဲမှာ လှုပ်ရှားခြင်းက အဓိကအချက်ဖြစ်ပြီး ကြွက်သား၊ နှလုံးကျန်းမာရေးတို့ကို ထိန်းညှိမြှင့်တင်ပေးကာ ဆဲလ်အိုမင်းခြင်းကိုဖြစ်စေတဲ့ အဝလွန်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို လျှော့ချပေးပါတယ်။

 

ရေကူးခြင်း၊ ပြေးခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းတို့ကို တစ်ပတ် ၃ ကြိမ်ပြုလုပ်သင့်ပါတယ်။

 

(၂) အချိန်အတိုင်းအတာတစ်ခုအတွင်း အစာရှောင်ခြင်း

 

နာရီအနည်းငယ်မျှ အစာမစားခြင်းဖြင့် ကယ်လိုရီဝင်ရောက်မှုနည်းပါးသွားကာ အင်ဆူလင်ထွက်ရှိမှုကို မြှင့်တင်ပေးပြီး ဆီးချိုကိုကူညီကာကွယ်နိုင်တဲ့အပြင် ခန္ဓာကိုယ်မှ အညစ်အကြေးများစွန့်ပစ်ပေးပါတယ်။

 

(၃) လက်ဖက်စိမ်းမှုန့်ဖျော်ရည် တစ်နေ့(၂)ခွက်သောက်ခြင်း

 

လက်ဖက်စိမ်းမှာ ဆဲလ်ထိခိုက်ခြင်းကို ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပေမယ့် လူသားတွေမှာ အိုမင်းရင့်ရော်ခြင်းကိုနှောင့်နှေးစေသလားဆိုတာတော့ မသိရသေးပါဘူး။


လက်ဖက်ခြောက်မှာပါတဲ့မော်လီကျူးတွေက ကင်ဆာကာကွယ်ပေးကာ ရောင်ရမ်းခြင်းကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိများပါဝင်နေပါတယ်။

 

(၄) ဖိစီးမှုလျှော့ချပြီး အဆင်မပြေသူများနှင့်ဝေးဝေးနေခြင်း

 

မိမိနဲ့အဆင်မပြေသူများနားမှာ နေထိုင်ပြီး ဖိစီးမှုရှိနေတယ်ဆိုရင် လူတစ်ယောက်ရဲ့ ပျမ်းမျှနေထိုင်သက်တမ်းကို လျော့ကျစေနိုင်ပါတယ်။

 

နာတာရှည်ဖိစီးခြင်း၊ ရောင်ရမ်းခြင်း၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ အိပ်စက်ခြင်းပြဿနာ၊ အသက်ကြီးမြန်ခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

 

အကောင်းဆုံးကတော့ နေ့စဉ် တိတ်ဆိတ်ငြိမ်သက်ချိန်သတ်မှတ်ကာ ဒုက္ခအိုးတွေကနေ ရှောင်ရှားသင့်ပါတယ်။

 

Source: The Jerusalem Post #World_Health #အိုမင်းရင့်ရော်ခြင်း #ဟားဗတ်သုတေသီ
#YMG #Yangon_Media_Group