#World_Science
Published 5 May 2023


နေလုံးကြီးက သူ့ပတ်လမ်းကြောင်းမှာ ဆက်လက်လည်ပတ်နေစဉ်မှာ နေအမြင့်ဆုံးအခြေအနေနဲ့ နီးကပ်လာကာ လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာပြီး အန္တရာယ်များတဲ့ပေါက်ကွဲမှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပါတယ်။

 

ဧပြီလက နေမီးတောက်ကြီး ၂၃ လုံးနဲ့အတူ နေလုံးဟာ ပေါက်ကွဲခဲ့ပြီး ကမ္ဘာမြေမှာ ဧရာမဘူမိသံလိုက်မုန်တိုင်းကြီး ၂ ရက်တိုင်တိုက်ခတ်ခဲ့ပါတယ်။

 

နေမျက်နှာပြင်ပေါ်မှာ နေစက် ၉၆ ခုကို နေလုံးဆိုင်ရာရူပဗေဒပညာရှင်များ တွက်ချက်ခဲ့ကြပြီး နေလုံးအတွက်တော့ ဧပြီလဟာ အလုပ်များနေခဲ့ပါတယ်။

 

နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ နေအစက်အပြောက်များပြားလာတာဟာ နေမင်းက မျှော်လင့်ထားတာထက် နေရောင်ခြည်အမြင့်ဆုံးအခြေအနေနဲ့ ပိုမိုစောစီးစွာချဉ်းကပ်နေကြောင်း ညွှန်ပြရာရောက်ပါတယ်။

 

နေမင်းဟာ နေစက်ဝန်းလို့ခေါ်တဲ့ သံလိုက်စက်ဝန်းသဘာဝစက်ဝန်းအတိုင်း သွားနေပြီး ခန့်မှန်းခြေအားဖြင့် ၁၁ နှစ်တစ်ကြိမ် ပြန်လည်လည်ပတ်နေပါတယ်။

 

ဒီစက်ဝန်းဟာ နေမီးတောက်များ၊ အစုလိုက်အပြုံလိုက်ထုတ်လွှတ်မှုများ၊ အခြားဖြစ်စဉ်များအပါအဝင် အာကာသရာသီဥတုအပေါ် သိသိသာသာ သက်ရောက်နေပါတယ်။

 

လက်ရှိမှာတော့ နေဟာ ၂၀၁၉ ကစတင်ပြီး ၂၅ ကြိမ်မြောက်နေစက်ဝန်း လည်ပတ်နေပါတယ်။


နေအတွင်းပိုင်းရှိ အမှုန်အမွှားများရွေ့လျားမှုကနေ နေရဲ့သံလိုက်စက်ဝန်းဖြစ်ပေါ်လာကာ နေမျက်နှာပြင်ကိုကျော်လွန်ပြီး ဟယ်လီယိုစဖီးယားလို့ခေါ်တဲ့ ကျယ်ပြန့်တဲ့အာကာသနယ်မြေကို ဖန်တီးပေးပါတယ်။

 

နေလည်ပတ်တဲ့အခါ သံလိုက်စက်ကွင်းလိုင်းများ တွန့်လိမ်ရောထွေးသွားကာ နေမျက်နှာပြင်ပေါ်မှာ မှောင်မည်းအေးမြတဲ့ နေအစက်အပြောက်များ ဖြစ်လာစေပါတယ်။



နေရောင်ခြည်အမြင့်ဆုံးအချိန်မှာ နေသံလိုက်စက်ကွင်းက အလှုပ်ရှားဆုံးဖြစ်နေပြီး မျက်နှာပြင်မှာ နေအစက်အပြောက်များလာပါတယ်။

 

နေရောင်အနိမ့်ဆုံးအချိန်မှာတော့ ပိုမိုရှုပ်ထွေးတဲ့ သံလိုက်စက်ကွင်းတစ်ခုဖြစ်လာကာ နေအစက်အပြောက်အဖွဲ့ကြီး ဖြစ်လာပါတယ်။

 

ဒီအဖွဲ့တွေက ကမ္ဘာမြေထက် အဆပေါင်းများစွာပိုကြီးကာ နေမီးတောက်များ၊ အစုလိုက်အပြုံလိုက်ထုတ်လွှတ်မှုများ ထုတ်လုပ်ပေးနိုင်ပါတယ်။

 

နေစက်ဝန်းနဲ့ အာကာသရာသီဥတုအပေါ် သက်ရောက်မှုကိုနားလည်ခြင်းဟာ ကမ္ဘာမြေပတ်ဝန်းကျင်ရှိ နေမုန်တိုင်းများသက်ရောက်မှုကို ကြိုတင်ခန့်မှန်းခြင်းနဲ့ လျော့ပါးသက်သာခြင်းတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

 

ဧပြီလမှာ အိန္ဒိယအပါအဝင် ကမ္ဘာ့နေရာအများအပြားမှာ ဘူမိသံလိုက်မုန်တိုင်းဖြစ်လာစေတဲ့ နေလုံးမှအရှည်ကြာအပြင်းထန်ဆုံး ပေါက်ကွဲမှုတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

 

Source: India Today #World_Science #အမြင့်ဆုံးအခြေအနေ #ပေါက်ကွဲမှု
#YMG #Yangon_Media_Group