#World_News
Published 5 May 2023


တရုတ်သာ ထိုင်ဝမ်ကိုကျူးကျော်လိုက်ရင် ကမ္ဘာ့အကြီးဆုံး အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းကြီးကနေ ပစ္စည်းထုတ်လုပ်မှုများ ရပ်တန့်နိုင်ဖွယ်ရှိကာ နှစ်အနည်းငယ်အတွင်း ကမ္ဘာ့စီးပွားရေးကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ ဆုံးရှုံးသွားနိုင်ကြောင်း အမေရိကန်ထိပ်တန်းထောက်လှမ်းရေးအရာရှိက မေလ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး 'ဧဗရယ်ဟိန်းစ်'က အထက်လွှတ်တော်လက်နက်ကိုင်ကော်မတီရှေ့မှောက်မှာ သက်သေခံချက်ထုတ်ဖော်စဉ် ယေဘုယျခန့်မှန်းချက်ကို တင်ပြခဲ့ပါတယ်။

 

ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီလီမိတက် (TSMC)မှထုတ်လုပ်တဲ့ အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်ပြားတွေဟာ ကမ္ဘာတဝှမ်းရှိ အီလက်ထရွန်နစ်စက်ပစ္စည်းအမျိုးအစားတိုင်းနီးပါးရဲ့ ၉၀ ရာခိုင်နှုန်းမှာအသုံးပြုထားကြောင်း ပြောကြားလိုက်ပါတယ်။

 

တရုတ်ကျူးကျော်ခြင်းကြောင့် TSMC မှ ချစ်ပ်ပြားထုတ်လုပ်မှုရပ်တန့်သွားပါက ကနဦးနှစ်အနည်းငယ်အတွင်း အခြေခံအားဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံမှ ၁ ထရီလီယံကြား ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးဆိုင်ရာသက်ရောက်မှု ရှိလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

 

"ထိုင်ဝမ်ကိုကျူးကျော်လို့ TSMC ရဲ့ထုတ်လုပ်မှုရပ်တန့်သွားမယ်ဆိုရင် အမေရိကန်ရဲ့ဂျီဒီပီ(GDP)ကိုလည်း သက်ရောက်မှုရှိလာပါလိမ့်မယ်။ ချစ်ပ်ပြားတွေထုတ်တာကို ရပ်လိုက်မယ်ဆိုရင် တရုတ်ရဲ့စီးပွားရေးကိုလည်း သက်ရောက်မှုရှိလိမ့်မယ်" လို့ ဟိန်းစ်က ဆက်လက်ပြောပြခဲ့ပါတယ်။

 

Source: CNA #World_News #ထိုင်ဝမ်ချစ်ပ်ပြားထုတ်လုပ်ရေး #ကမ္ဘာ့စီးပွားရေး
#YMG #Yangon_Media_Group