Published 25 October 2021

အဓိကဆေးဝါးဂျာနယ်ကြီးနှစ်ခုရဲ့လေ့လာချက်အရ ကိုဗစ်-၁၉ကာကွယ်ဆေးတွေဟာ ကိုယ်ဝန်မဆောင်ခင်နှင့်ဆောင်နေစဉ်မှာကို စိတ်ချရပြီးဘေးအန္တရာယ်ကင်းတဲ့ အထောက်အထားတွေ တွေ့ရှိရပါတယ်။

ဗုဒ္ဓဟူးနေ့ကထုတ်ဝေတဲ့  နယူးအင်္ဂလန်ဆေးဂျာနယ်မှာပါရှိတဲ့လေ့လာမှုတစ်ခုက  နော်ဝေးက ကိုယ်ဝန်ဆောင်သည် ၁၈၅၀၀ဦးကို ခြေရာခံလိုက်ကြည့်ခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ပျက်ကျသူ ၄၅၀၀ ဦးလည်းပါဝင်ခဲ့ပါတယ်

အဲဒီအခါ ကိုဗစ်ကာကွယ်ဆေးတွေနှင့် ပထမသုံးလပတ်အတွင်း ကိုယ်ဝန်ပျက်ကျနိုင်တဲ့အန္တရာယ်အကြား ဘာမှချိတ်ဆက်မှုမရှိဘူးလို့ဆိုပါတဘ်။ ကာကွယ်ဆေးဆိုရာမှာလည်း မိုဒါနာပဲဖြစ်ဖြစ်၊ဖိုင်ဇာပဲဖြစ်ဖြစ် ဒါမှမဟုတ် အက်စထရာဇီနင်ကာပဲဖြစ်ဖြစ် ဘယ်ဆေးမဆိုဆိုလိုပါတယ်လို့ပြောပါတယ်။

ခြုံငုံပြောရရင် ကိုယ်ဝန်ပျက်ကျတဲ အမျိုးသမီးတွေရဲ့ ၉ရာခိုင်နှုန်းဆအာက်ကပဲ ကာကွယ်ဆေးထိုးထားကြဖွယ်ရှိပါတယ် လို့ သုတေသနမှူးတွေရဲ့ တွက်ချက်မှုအရသိရပါတယ်။

နောက်ထပ်သီးခြားလေ့လာမှုတစ်ခုကိုလည်း သောကြာနေ့က လန်းဆက်ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။သူတို့ဟာ ယူကေ၊ဘရာဇီးနှင့်တောင်အာဖရိကတို့မှာရှိကြတဲ့ အက်စထရာဇီနီကာ စမ်းသပ်ထိုးနေတုန်းကိုယ်ဝန်ရှိသွားကြတဲ့ အမျိုးသမီး ၁၀၇ဦးကို ခြေရာခံကြည့်ခဲ့ပါတယ်။ အဲဒီအထဲက ၇၂ဦးကသာ ကာကွယ်ဆေးထိုးခဲ့ရတာဖြစ်ပြီး ကျန်သူတွေက စမ်းသပ်စဉ်မှာ အာနိသင်မဲ့ ကာကွယ်ဆေးအတု တစ်မျိုးကို သာထိုးပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအခါအက်စထရာဇီနီကာ ကာကွယ်ဆေးဟာ ကိုယ်ဝန်ကိုဘေးကင်းကင်းဆောင်နိုင်ဖို့အတွက် မည်သည့် သက်ရောက်မျှ မဖြစ်ပေါ်စေဘူးလို့သိရပါတယ်လို့ သုတေသနမှူးတွေက အစီရင်ခံကြပါတယ်။

“ ကိုယ်ဝန်ဆောင်သည်တွေဟာ ဆေးရုံတက်ရမယ့်အန္တရာယ်၊ကိုဗစ်-၁၉ ရောဂါရှုပ်ထွေးမှုတွေ နှင့် လမစေ့ဘဲမွေးတာတွေ ဖြစ်နိုင်ချေများတဲ့အတွက် ကာကွယ်ဆေးထိုးနှံကြဖို့ အရေးကြီးပါတယ်” လို့ နော်ဝေးလေ့လာမှုမှာ သုတေသနစာတမ်းရှင်တွေက ရေးသားထားကြပါတယ်။

အဲဒီအပြင် ကိုယ်ဝန်ဆောင်စဉ်ကာကွယ်ဆေးထိုးတဲ့အတွက် မွေးကင်းစကလေးငယ်ကိုလည်း ပထမလတွေမှာ ကိုဗစ်ကူးစက်မှုကနေ ကာကွယ်မှုပေးနိုင်ဖွယ်ရှိနေတယ်လို့လည်း သူတို့ကပြောပါတယ်။

Source: Reuters