#World_Health
Published_ 20 April 2023

XBB.1.16 လို့ခေါ်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇကွဲအသစ်ဟာ လက်ရှိအခြားမျိုးဗီဇကွဲတွေထက် ပိုမိုကူးစက်မြန်နေပေမယ့် ရောဂါလက္ခဏာဆိုးရွားခြင်းတော့ မရှိဘူးလို့ ကနဦးလေ့လာချက်များမှာ ဖော်ပြထားပါတယ်။

 

မကြာသေးမီရက်သတ္တပတ်များအတွင်း အိန္ဒိယမှာ ကူးစက်မှုတိုးများလာဟန်ရှိပြီး မီဒီယာနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ အာရုံစိုက်လာကြပါတယ်။

 

ဗုဒ္ဓဟူးနေ့အထိ အိန္ဒိယမှာ လက်ရှိကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄၀,၂၁၅ ဦးရှိပြီး အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ကြားက နောက်ထပ် ၇,၈၃၀ ဦးထပ်တိုးလာပါတယ်။

 

ဂျပန်နဲ့ ချက်သုတေသီများရဲ့ တွေ့ရှိချက်အရ XBB.1.16 ဟာ SARS-CoV-2 ခုခံပဋိပစ္စည်းများကို ယဉ်ပါးပြီး အိုမီခရွန်မျိုးဗီဇကွဲတွေထက် ဖွံ့ဖြိုးမှုနှုန်းပိုမိုမြန်ဆန်နိုင်ဖွယ်ရှိပါတယ်။

 

ဒီမျိုးဗီဇကွဲရဲ့ကူးစက်မှုနှုန်းအရ မကြာခင်မှာ ကမ္ဘာအနှံ့ပျံ့နှံ့သွားနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

 

အိန္ဒိယမှာ ကလေးတွေရဲ့ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး လက္ခဏာအမျိုးမျိုးတွေ့ရကြောင်း Times of India မှာ အစောပိုင်းကဖော်ပြထားပါတယ်။

 

WHO ကလည်း XBB.1.16 ကိုစောင့်ကြည့်နေကာ XBB.1.5 နဲ့ယှဉ်ရင် စပိုက်ခ်ပရိုတိန်းမှာ ဗီဇပြောင်းလဲချက်တစ်မျိုးပိုပါလာကြောင်း WHO နည်းပညာပိုင်းမှ ဒေါက်တာ'မာရီယာဗန်ကာခေါ့ဗ်'က ဖော်ပြထားပါတယ်။

 

XBB.1.16 က အိန္ဒိယမှာ အခြားမျိုးဗီဇကွဲတွေထက် ပိုမိုကူးစက်နေပြီး ပျံ့နှံ့နေတာလအနည်းငယ်ကြာပါပြီ။

 

ပျံ့နှံ့နေတဲ့ထဲမှာ အိုမီခရွန်မျိုးခွဲပေါင်း ၆၀၀ ကျော်ရှိနေကြောင်းလည်း ပြောပြသွားပါတယ်။

 

ဇန်နဝါရီလတုန်းကတော့ XBB.1.5 မျိုးဗီဇကွဲဟာ ကူးစက်အမြန်ဆုံးမျိုးဗီဇကွဲဖြစ်နေတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
Source: The Jerusalem Post
#World_Health #ကိုဗစ်မျိုးဗီဇကွဲအသစ် #XBB.1.16ကူးစက်မှု #WHO စောင့်ကြည့်လေ့လာ
#YMG #Yangon_Media_Group