#World_Business
Published 20 April 2023

 

ဖေ့စ်ဘွတ်ခ်တည်ထောင်ရာ Meta ကုမ္ပဏီဟာ Metaverse ကုမ္ပဏီအားလုံးမှာ ဧပြီ ၁၉ ရက်နေ့ကစပြီး အလုပ်အကိုင်များလျှော့ချနေပြီ ဖြစ်ပါတယ်။

 

Facebook ၊ WhatsApp ၊ Instagram ၊ Reality Labs တို့မှာ အလုပ်အကိုင်နေရာပေါင်း ၁ သောင်းလျှော့ချသွားမှာဖြစ်ပြီး ဒါဟာ ပိုမိုအကျိုးရှိသက်ရောက်စေရန် Meta က ရည်ရွယ်တာဖြစ်ပါတယ်။

 

ထုတ်ပယ်ရန် ရည်ရွယ်ထားတဲ့ ဝန်ထမ်းများထံသို့ ကြေညာရန် မန်နေဂျာများအား Meta က အသိပေးပြီးနောက် အခုလိုဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

 

Metaverse ကုမ္ပဏီအသီးသီးရှိ မန်နေဂျာများထံသို့ ဧပြီ ၁၉ ရက်နေ့ကအသိပေးပြီးနောက် ထိုရာထူးနေရာ ၁ သောင်းထဲကမှ ဘယ်နှဦးဖယ်ရှားမလဲဆိုတာတော့ သေချာမသိရသေးပါဘူး။

 

Meta မှ အသင်းအဖွဲ့များကို ပြန်လည်ဖွဲ့စည်းမယ်လို့လည်း Bloomberg News မှ ဖော်ပြခဲ့ပါတယ်။

 

အိမ်ကနေအလုပ်လုပ်နိုင်တဲ့ မြောက်အမေရိကမှ ဝန်ထမ်းတွေကိုလည်း အချက်အလက်များ စီမံဆောင်ရွက်ပေးဖို့ အမိန့်ပေးထားကြောင်း သိရှိရပါတယ်။

 

Meta က နိုဝင်ဘာလမှာ အလုပ်အကိုင် ၁၃ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁,၀၀၀ ကိုလည်းလျှော့ချထားပြီးဖြစ်ပါတယ်။

 

ဒါကြောင့် အချိန် ၆ လခန့်အတွင်း ဝန်ထမ်းပေါင်း ၂၁,၀၀၀ ထုတ်ပစ်မယ့်သဘောဖြစ်ပါတယ်။
Meta က အသင်းဘတ်ဂျက်သတ်မှတ်ခြင်းမှာ နှောင့်နှေးနေသလို အလုပ်ထုတ်ပယ်မှုများ ပိုများလာမယ်လို့ ထင်ကြေးများထွက်ပေါ်နေကြောင်း WION က ၂၀၂၃ ဖေဖော်ဝါရီမှာ တင်ပြခဲ့ပါတယ်။

 

"ဧပြီနှောင်းပိုင်းမှာ စီးပွားရေးဆိုင်ရာအဖွဲ့များနဲ့ မေလနှောင်းပိုင်းမှာ နည်းပညာဆိုင်ရာအဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများ ကြေညာသွားဖို့မျှော်မှန်းထားပါတယ်" လို့ Meta တည်ထောင်သူ'မာ့ခ်ဇူကာဘက်ခ်'က မတ်လက ရေးသားဖော်ပြခဲ့ပါတယ်။

 

ဇူကာဘက်ခ်ဆိုခဲ့တဲ့အတိုင်း Meta က ဘဏ္ဍာရေး၊ တရားဥပဒေ၊ လူသားအရင်းအမြစ်စတဲ့ ကဏ္ဍတွေကိုဖြတ်တောက်ရန် စီစဉ်နေပါတယ်။

 

CNBC TV18 ရဲ့တင်ပြချက်အရ ဒုတိယအကြိမ်အလုပ်လျှော့ချရာမှာ အိန္ဒိယမှဝန်ထမ်းများလည်း သက်ရောက်လာနိုင်ပါတယ်။

 

အလုပ်ထုတ်ခံရတဲ့ Meta ဝန်ထမ်းအများအပြားဟာ ကုမ္ပဏီလည်ပတ်ရာနေရာများမှာ ထောင်ချီအလုပ်ဖြုတ်ခံရတဲ့အကြောင်းတွေကို LinkedIn မှာ ဖော်ပြလာကြပါတယ်။

 

ဖေ့စ်ဘွတ်ခ်မှ စီးပွားရေးပရိုဂရမ်မန်နေဂျာဟောင်း 'ထရီဇာဂျီမီနက်ဇ်'က LinkedIn မှာဖော်ပြရာမှာ ဒီမနက်အိပ်ရာနိုးလာတော့ Meta ကနေ အလုပ်ထုတ်ခံရသူတွေထဲမှာ သူလည်းပါဝင်ကြောင်း၊ စိတ်ပျက်ရပေမယ့် ၃ နှစ်နီးပါးအတွင်း အရည်အသွေးပြည့်ဝတဲ့ လက်တွဲဖော်တွေနဲ့ တွဲလုပ်ခဲ့ရတဲ့အတွက် အလွန်ကျေနပ်မိကြောင်း ဖော်ပြထားပါတယ်။

 

# Source: WION
#World_Business #Facebook #Instagram #Whats App #အလုပ်စဖြုတ် #YMG #Yangon_Media_Group