Published 6 April 2023

ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်မမှူုး ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး စီးနင်းလိုက်ပါသွားတဲ့ စစ်ရဟတ်ယာဉ် တစ်စီးဟာ ဒီကနေ့ ဧပြီ ၆ရက်က ပျံသန်းစဉ် ပျောက်ဆုံးသွားတယ်လို့ NHK ကသတင်းထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ရဟတ်ယာဉ်ကို ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ပိုင်ဆိုင်တာဖြစ်ပြီး အိုကီနာဝါး တောင်ပိုင်းမှာ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ယင်း Black Hawk အမျိုးအစား စစ်ရဟတ်ယာဉ်ဟာ မီယာကိုဂျီမာ ကျွန်းအနီးပျံသန်းနေစဉ် ဧပြီ၆ရက် ကြာသပတေးနေ့ ညနေ(၄)နာရီခန့်မှာ ရေဒါကနေ ပျောက်ကွယ်သွားခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။

ကမ်းခြေစောင့်တပ်အရာရှိတွေက သူတို့ဟာ ရဟတ်ယာဉ်ပျောက်ဆုံးသွားတဲ့နေရာအနီးမှာ အပျက်အစီးအချို့နှင့် ရေပြင်မှာ ဆီတွေဝေ့နေတာ ရှာဖွေတွေ့ရှိရတယ်လို့ပြောပါတယ်။

အဆိုပါစစ်ရဟတ်ယာဉ်ဟာ လူ၁၀ဦးကိုတင်ဆောင်ပျံသန်းသွားတာဖြစ်ပြီး အဲဒီအထဲမှာ အသက်၅၅နှစ်အရွယ် မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၈)တပ်မမှူး ဒုတိယဗိုလ်ချူပ်ကြီး ဆာကာမိုတို ယူအီချီလည်း လိုက်ပါသွားခဲ့ပါတယ်။

အချက်အလက်အချို့ကိုသာထုတ်ပြန်ရသေးပေမယ့် ရဟတ်ယာဉ်ဟာ မတော်တဆမှုတစ်ခုနှင့် ပျက်ကျခဲ့တာဖြစ်နိုင်တယ် လို့ အရာရှိတွေကပြောပါတယ်။

ကမ်းခြေစောင့်တပ်ရေယာဉ်တွေနှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေကြပါတယ်။

Source NHK

#ဂျပန်စစ်ရဟတ်ယာဉ်ပျက်ကျ

#Lieutenant General Sakamoto Yuichi

#YangonMediaGroup