Published 17 March 2023

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Xi Jinping သည် ရုရှားနိုင်ငံသို့ မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်မယ်လို့ ရုရှားမီဒီယာ တွေကရေးသားကြပါတယ်။

ခရီးစဉ်အတွင်းမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ဘက်စုံမိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုး  တိုးတက်ရေးနှင့်သက်ဆိုင်တဲ့   ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တဲ့အပြင် နိုင်ငံတကာ နယ်ပယ်တွင် ရုရှား-တရုတ် ပူးပေါင်း  ဆောင်ရွက်မှု နက်ရှိုင်းလာမှုအပေါ် အမြင်ချင်းဖလှယ်ရန်လည်း စီစဉ်ထား  တယ်လို့သိရပါတယ်။

ထို့အပြင် အရေးကြီးတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အများအပြားကိုလည်း လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ ရုရှား   မီဒီယာတွေကဖော်ပြရေးသားကြပါတယ်။

Source: Agencies

#ရုရှား_တရုတ်ဆက်ဆံရေး

#ပူတင်_ရှီ_တွေ့ဆုံမှု