#World_Health
Published 15 March 2023

 

ကျွန်ုပ်တို့ဟာ အိပ်ရေးပျက်တဲ့ညတွေကြောင့် နောက်တစ်နေ့အားအင်မပြည့်ဖြိုးတာမျိုး ခံစားရတတ်သလို တစ်ခါတရံမှာ ဘာကြောင့်မှန်းမသိ မလန်းဆန်းမတက်ကြွတာမျိုး ဖြစ်တတ်ကြပါတယ်။

 

အိပ်ရေးပျက်တဲ့အခါ ပြဿနာတစ်ခုက နောက်တစ်နေ့မှာ အားအင်မရှိတာပါပဲ။

 

မနက်ခင်းမှာ ကော်ဖီသောက်လိုက်ရင် အားအင်ရှိပြီး နိုးကြားနေမယ်လို့ထင်ထားကြပေမယ့် တကယ်တမ်းကတော့ မောပန်းနွမ်းနယ်နေမှာပါ။
လူတစ်ယောက် အိပ်ရေးဝစေလား အိပ်ရေးပျက်စေလားဆိုတာမှာ အာဟာရကလည်း ပါဝင်ပတ်သက်နေပါတယ်။

 

အချို့အစားအစာတွေက လူကိုပင်ပန်းနွမ်းနယ်စေသလို အချို့စားစရာတွေကတော့ နိုးကြားအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

 

(၁) သံပယိုသီး
မနက်ခင်းမှာ ကော်ဖီသောက်တတ်တဲ့သူတွေ ရေနွေးထဲသံပယိုညှစ်ပြီး အစားထိုးသောက်သုံးသင့်ပါတယ်။

 

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးကာ ဗိုက်တာမင်စီအပြည့်အဝပါဝင်တာကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။

 

(၂) ထောပတ်သီး
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ အမျှင်၊ ဗိုက်တာမင်၊ သတ္တုဓာတ်များပါဝင်ပြီး ပင်ပန်းနွမ်းနယ်ခြင်းကို ကာကွယ်ပေးပါတယ်။

 

(၃) ငှက်ပျောသီး
ငှက်ပျောသီးမှာ အမျှင်ဓာတ်၊ ဗိုက်တာမင်ဘီ၆၊ ပိုတက်ဆီယမ်တို့ပါဝင်ကာ ခန္ဓာကိုယ်ရည်ဓာတ်ကို ထိန်းသိမ်းပေးပြီး တစ်နေ့တာလုံး အားအင်ပြည့်ဖြိုးစေပါတယ်။

 

(၄) ချီယာစေ့
သူ့မှာ ပရိုတိန်း၊ အဆီ၊ အမျှင်ဓာတ်တို့ ညီမျှစွာပါဝင်ကာ အစာနဲ့ သကြားဓာတ်စုပ်ယူမှုကို နှေးကွေးစေတာကြောင့် ဗိုက်ပြည့်နေစေပြီး အလွန်အကျွံမစားဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။

 

(၅) ချောကလက်အမည်း
အရည်အသွေးကောင်းတဲ့ အမည်းရောင်ချောကလက်တွေမှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ဗိုက်တာမင်ဓာတ်များပါဝင်ပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားပေးတာကြောင့် လေ့ကျင့်ခန်းမပြုလုပ်မီစားပေးခြင်းဖြင့် အားအင်ရရှိစေမှာဖြစ်ပါတယ်။

 

Source: The Jerusalem Post #World_Health #အိပ်ရေးပျက်သူ
#စားသုံးသင့်သည့်မနက်စာ #YMG #Yangon_Media_Group