Published 11 March 2023 အင်ဒိုနီးရှားနိုင်ငံက မာရပီ မီးတောင်ဟာ မတ်၁၁ရက် စနေနေ့ မွန်းတည့်ချိန်ခန့်က စတင်ပေါက်ကွဲခဲ့ရာ မီးခိုးလုံးတွေဟာ ၇ ကီလိုမီတာ (၄.၃၅ မိုင်) အမြင့်အထိပျံ့တက်ခဲ့ပါတယ်။ မာရပီမီးတောင်ဟာ အင်ဒိုနီးရှားရဲ့ ယိုးဂျာကာတာ အထူးအုပ်ချုပ်ခွင့်ရေဒေသမှာတည်ရှိပြီး ချော်ရည်တွေဟာ ၁.၅ ကီလိုမီတာ (၀.၉၃မိုင်)အထိစီးဆင်းခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက မျက်မြင်ပြောကြပါတယ်။ အမြင့်ပေ ၉၇၂၁ ရှိတဲ့ မာရပီမီးတောင်ဟာ အင်ဒိုနီးရှားရဲ့ အသက်ဝင်ဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်ပြီး ယခုမီးတောင်ပေါက်ကွဲမှုဟာ ဒုတိယအမြင့်ဆုံးအဆင့်တပ်လှန့်ထားပါတယ်။ မီးတောင်ဗဟိုနှင့် အချင်းဝက် ၃ ကီလိုမီတာနှင့် ၇ ကီလိုမီတာအကြားကို အန္တရာယ်ဇုန်လို့သတ်မှတ်ပေးထားပြီး အဲဒီနေရာမှာနေထိုင်ကြတဲ့ဒေသခံတွေကို အထူးသတိပေးချက်ထုတ်ပြန်ပေးထားပါတယ်။ Source AFP #Merapi-မာရပီမီးတောင် #အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲ #YangonMediaGroup