Published 11 March 2023 ၉၅ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆုပေးပွဲကို ကျင်းပတော့မှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနှင့် အော်စကာရုပ်တုကြီးတွေကို ရွှေရောင် အရောင်တင်ဆေးတွေကို ချယ်သပေးနေပါတယ်။ အော်စကာဆုပေးပွဲကို ဒေသစံတော်ချိန် မတ်၁၂ ရက်နေ့ တနင်္ဂနွေနေ့မှာ လော့အင်ဂျလိက ဒိုလ်ဘီဇာတ်ရုံကြီးမှာ ကျင်းပပေးမှာဖြစ်ပါတယ်။ ပွဲစချိန်ဟာ ည၈နာရီ EDT ဖြစ်ပြီး ABC ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပေးပါမယ်။ အဲဒီအပြင် Hulu Live TV, YouTubeTV, AT&T TV နှင့် Fubo TV တို့ကို လပေးဝယ်ထားသူတွေလည်း ကြည့်ရှုနိုင်ကြပါမယ်။ ဂျင်မီကင်မဲလ်က အစီအစဉ်မှူးအဖြစ် တတိယအကြိမ်မြောက် တင်ဆက်ပေးမှာဖြစ်ပါတယ်။ “All Quiet on the Western Front,” “Avatar: The Way of Water,” “The Banshees of Inisherin,” “Elvis,” “Everything Everywhere All at Once,” “The Fabelmans,” “Tár,” “Top Gun: Maverick,” “Triangle of Sadness,” “Women Talking.”ဇာတ်ကားတွေဟာ အကောင်ဆုံးဇာတ်ကားဆန်ကာတင်ဝင်ထားကြပါတယ်။ Source: AFP/AP #Oscar #YangonMediaGroup #၉၅ကြိမ်မြောက်အော်စကာဆုပေးပွဲ