Published 4 July 2021

ဂျပန်နိုင်ငံအလယ်ပိုင်း အက်တာမီမြို့မှာ အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် စနေနေ့က မြေပြိုကျမှုဖြစ်ပွား ခဲ့ရာမှာ လူအနည်းဆုံး (၂)ဦး သေဆုံးပြီး လူ(၂၀)ဦးပျောက်ဆုံးနေတယ်လို့ ကျိုဒိုသတင်းအေဂျင်စီ ကသတင်းပေးပို့ပါတယ်။ လူ၁၉ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး ရေကြီးပြီးမြေပြိုတာကြောင့် အဆောက်အဦ ၁၃၀ခန့် ပျက်စီးသွားခဲ့ပါတယ်။ အဲဒီမြို့ဟာ တိုကျိုမြို့ အနောက်တောင်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ ပင်လယ်ကမ်းစပ် မြို့တစ်မြို့ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဆူဂါးက အခင်းဖြစ်တြ့ နေရာမှာရှိတဲ့လူတွေကို နိုးကြားသတိရှိနေကြဖို့နှင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားကြဖို့ပြောပါတယ်။ သူနှင့်သူ့အစိုးရအဖွဲ့တို့ တနင်္ဂနွေနေ့က ဒီသဘာဝဘေးအန္တရာယ် ကိစ္စအစည်းအဝေးအပြီးမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ရှီဇူအိုကာစီရင်စု ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေနှင့် ဂျပန်စစ်တပ်က ကယ်ဆယ်ရေးသမား ခုနှစ်ရာဦးခန့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနေကြပြီး မြေတွေပျော့လာပြီး မိုးကြောင့် အန္တရာယ်ထပ်ဖြစ်နိုင်ခြေ ရှိနေတာကြောင့် အလုပ်တွေတွင်ကျယ်သင့် သလောက်မတွင်ကျယ်ပဲ ဖြစ်နေရပါတယ်။ တနင်္ဂနွေမနက်အထိ အခင်းဖြစ်တဲ့နေရာက လူ၃၈၇ဦးကို ကယ်ထုတ်ပေးပြီးခဲ့ပြီလို့ ကျိုဒိုသတင်း‌ အေဂျင်စီက ရေးသားပါတယ်။ မြေပြိုမှုဟာ မနေ့က မနက်ဆယ်နာရီခွဲလောက်မှာ ဖြစ်ခဲ့ရတာပါ။ ရွှံနွံထဲမှာ တစ်ဝက်လောက်နစ်နေတဲ့ အိမ်တွေလဲပြိုနေတာကို ဒေသရုပ်သံလိုင်းက ထုတ်လွှင့်သွားတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Ref -Kyodo News Agency