Published 19 Feb 2023

တရုတ်လျှပ်စစ်ကားထုတ်လုပ်တဲ့  ဘီဝိုင်ဒီ BYD ဟာ ပင်လယ်ရပ်ခြားလုပ်ငန်းတွေကိုတိုးချဲ့နေရာ ၂၀၂၃ခုနှစ်မှာ ဘီဝိုင်ဒီကားအရောင်းဟာ ပြိုင်ဘက် အမေရိကန် Tesla တဲဆ်လာလို ကျော်ဖြတ်ဖို့ ရည်မှန်းထားပါတယ်။

ဂျပန်၊အရှေ့တောင်အာရှနှင့် ဥရောပအပါအဝင် နိုင်ငံပေါင်း ၄၀ကျော်ကို လုပ်ငန်းတွေတိုးချဲ့ထားတဲ့ BYD ဟာ ဒီနှစ် အတွင်းမှာ လျှပ်စစ်ကားစီးရေ (၂)သန်းနီးပါး အထိရောင်းချဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။

“ နှစ်ပေါင်း ၂၀ ကျော် သုတေသနနှင့်ဖွံ့ဖြိုးရေးရလာဒ်တွေအရ ကျွန်တော်တို့အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ။ဇိမ်ခံကားတွေအတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံတွေကို ကျွန်တော်တို့ ပြောင်းလဲပစ်ပါမယ်” လို့ BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဝမ်ချွမ်ဖူးက ပြောခဲ့ပါတယ်။

BYD ဟာ ၂၀၀၃ခုနှစ်မှာ ကားဈေးကွက်ထဲဝင်ရောက်လာပြီးနောက် ဇိမ်ခံလျှပ်စစ်ကားတွေကို ရည်မှန်းပစ်မှတ်ထားနေပါတယ်။

BYD  ဟာ ၂၀၂၃ခုနှစ်အတွင်း လမ်းကြမ်းမောင်း အက်စ်ယူဗွီ ကား Yangwang U8  နှင့် U9 supercarတို့ကို ယွမ်ငွေ ရှစ်သောင်းနှင့် တစ်သန်းခွဲအကြား ဈေးနှုန်းတွေနှင့် ရောင်းချဖို့ရှိနေပါတယ်။

Yangwang မိုဒယ်လ်ဟာ ကားဘီးလေးဘီးမှာ တစ်ဘီးစီးကို သီးခြားခွဲထိန်းချုပ်မောင်းနှင်တာဖြစ်လို့ ကားဘီးတစ်လုံးပေါက်သွားရင်တောင် ကားကိုဆက်မောင်းနိုင်မှာဖြစ်ပါတယ်။ U8 ကတော့ ရေပေါ်မှာ ပေါလောပေါ်ပြီး မောင်းနှင်နိုင်ပါတယ်။

BYD ဟာ  ဇိမ်ခံလျှပ်စစ်ကားလုပ်ငန်းထဲကို ဝင်လာဖို့လုပ်နေပါတယ်။ ကုမ္ပဏီဟာ Song၊Qin၊Dolphin နှင့် Han တို့လို ယွမ်တစ်သိန်းမှ သုံးသိန်းအကြား ဈေးနှုန်းနိမ့်နှင့်အလတ် ကားတွေမှာ ရောင်းအားအလွန်ကောင်းနေပါတယ်။ တရုတ်နိုင်ငံမှာ ဗောက်စ်ဝက်ဂွန်နှင့်ဟွန်ဒါ လျှပ်စစ်ကားတွေဟာ BYD ရဲ့ ဈေးကွက်မင်းမူနေမှုကို စိန်ခေါ်လာနေပါတယ်။

Source: Nikkei Asia

#BYD

#Tesla

#Luxury_EV