Published 19 February 2023

လူတွေဟာ သူတို့ရဲ့အချစ်ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖော်ကျူးကြရာမှာ ကန့်သတ်မှုတွေကို ကျော်လွန်လုပ်ဆောင်တတ်ကြတာသဘာဝပါ။  ပန်းတွေ၊ ချောကလက်တွေနှင့် လက်ဆောင်တွေဟာ ချစ်သူများနေ့ အတွက် အထူးသီးသန့်လေးတွေဖြစ်နေတတ်ကြပါတယ်။

ဒါပေမယ့် ထိုင်းအမျိုးသားတစ်ဦးကတော့ အခြားသူတွေနှင့်မတူဘဲ ကွဲပြားခြားနားမှုတစ်ခုနှင့် အချစ်ကိုဖော်ကျူးဖို့ စီစဉ်ခဲ့ပါတယ်။ “ ထိမ်းမြားလက်ထပ်ခြင်းဟာ ယောကျ်ားသားတွေကိုပြောင်းလဲပစ်နိုင်တယ်” ဆိုတဲ့ ဒဏ္ဍာရီဆိုရိုး တစ်ခုကို သူကသက်သေပြခဲ့ပါတယ်။ သူ့နာမည်က ဗဲလ်လို့ခေါ်ပါတယ်။

ဗဲလ်ဟာ ဆေးမင်ကြောင်ထိုးတဲ့ ဆိုင်တစ်ဆိုင်မှာ (၈)နာရီတိတိထိုင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့လက် မောင်းပေါ်မှာ သူတို့ရဲ့ လက်ထပ်စာချုပ်ကို မင်ကြောင်ရေးထိုးပြသပြီး သူ့ ဇနီးသည်ကို ထူးခြားပြီးသီးသန့်ဖြစ်တဲ့ ခံစားမှုကို သူပေးချင်လို့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ Khaosod မှာပါတဲ့သတင်းအရ ဗဲလ်ဟာ သူ့ဇနီးအတွက် သူ့ရဲ့အချစ်ကို သက်သေပြဖို့ ဒီနှစ်မှာ မတူတာတစ်ခုခုလုပ်ပြချင်ခဲ့ပါတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် သူဟာ Kaeng Khoi Saraburi ပြည်နယ်က ဆေးမင်ကြောင်ထိုးဖို့ မင်ကြောင် စတူဒီယိုတစ်ခုကို သွားရောက်ခဲ့ပါတော့တယ်လို့သတင်းစာကရေးပါတယ်။

သူဟာ လက်ထပ်စာချုပ်မှာပါတဲ့ ဘယ်လိုအသေးစိတ်အချက်ကိုမျှ မင်ကြောင်ထိုးရာမှာ ချန်မထားခဲ့ပါဘူး။ လှပတဲ့ပန်းပွင့်ဘောင်ကိုတောင်ထည့်သွင်းထိုးခဲ့တာပါ။အသေးစိတ်ပုံတွေအကုန်ပါပြီး ယုတ်စွအဆုံး မူရင်းစာချုပ်ထဲက တံဆိပ်တောင်ထည့်ပြီးမင်ကြောင်ရေးထိုးခဲ့ပါတယ်။

သူဟာ အဲဒီလက်ထပ်စာချုပ်ဆေးမင်ကြောင်ကို ဇနီးဖြစ်သူကိုပြသလိုက်တဲ့အခါ သူမဟာ တုန်လှုပ်အံ့ဩသွားပါတယ်။ အဲဒီနောက်တော့ ခင်ပွန်းဖြစ်သူရဲ့ အဆုံးမဲ့ချစ်ခြင်းအပေါ် သတိမူမိလိုက်ပါတော့တယ်။

ဒီလို လက်ထပ်စာချုပ် မင်ကြောင် ကို သူတစ်ခါမှ ထိုးမပေးဖူးဘူးလို့ ဆေးမင်ကြောင်ဆရာက သတင်းစာ ကိုပြောပါတယ်။ ဗဲလ်ရောက်လာပြီး အဲဒါကိုမင်ကြောင်ထိုးမယ်ပြောတော့ အချိန်အကြာကြီးထိုးပေးရမှာမို့ သူအံအားသင့် သွားရတယ်လို့လည်းပြောပါတယ်။

မင်ကြောင်ထိုးတဲ့လုပ်ငန်းစဉ်ကတော့ အခြားပုံတွေနှင့်အတူတူပဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ပထမဆုံး စာချုပ်တစ်ခုလုံးကို ဗဲလ်ရဲ့လက်မောင်းပေါ် သာမာန်မင်နှင့် မိတ္တူကူးလိုက်ပါတယ်။အဲဒီနောက်မှ မင်ကြောင်တံနှင့်  အသေးစိတ်ပုံဖော်ပေးရတာဖြစ်ပါတယ်။

အဲဒီအကြောင်းကို ဗဲလ်က ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပါတယ်။ သူ့ကြိုးစားမှုကိုလူတွေက ချီးကျူးအားပေးကြပါတယ်။

“ အပြောထက်လက်တွေ့ကျဖို့အရေးကြိးတယ် ဆိုတဲ့ စကားကို ဒါကပြသလိုက်တာပဲ။ အချစ်ကို သက်သေပြတာဟာ အားလုံးရဲ့ ချီးမွမ်းမှုခံထိုက်ပါပေတယ်” လို့ ပို့စ်မှာ လူတစ်ဦးက ဝင်ရေးခဲ့ပါတယ်။

Source: WION

#Marriage certificate’_tattoo_on_arm

#Thailand

#Vall_Tatoo