#WorldHealth

Published_ 14  October 2021

မိုဒါနာကုမ္ပဏီကထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး booster ဟာ စံချိန်စံညွှန်းသတ်မှတ်ချက်တွေအတိုင်း မပြည့်မီဘူးလို့ အမေရိကန်အစားအစာနဲ့ဆေးဝါးထိန်းချုပ်ကွပ်ကဲရေးမှ သိပ္ပံပညာရှင်များက အင်္ဂါနေ့မှာ ပြောသွားပါတယ်။ဒါဟာ ပထမနှစ်ကြိမ်ထိုးထားတဲ့ ကာကွယ်ဆေးအရှိန်က အားကောင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မိုဒါနာကာကွယ်ဆေး booster ထိုးလိုက်တဲ့အခါမှာ antibody ခုခံအား မြင့်တက်လာတာကို အချက်အလက်တွေအရ တွေ့မြင်နိုင်ပါတယ်။ဒါပေမဲ့ booster မထိုးခင်အချိန်နဲ့ ထိုးပြီးအချိန်တွေမှာ antibody ပမာဏက သိပ်ပြီးမခြားနားတာကို တွေ့ရပြီး အထူးသဖြင့် antibody များတဲ့လူတွေမှာ တွေ့ရတတ်ပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာအတွက် အကြံပေးအဖွဲ့က booster ဆေးကို FDA ခွင့်ပြုလိုက်ပြီဆိုပါက ဘယ်သူတွေထိုးသင့်သလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်အပတ်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

"booster ထိုးရမယ်ဆိုရင် လုံလောက်မှုရှိရဲ့လား။ booster ရဲ့အကျိုးအာနိသင် ဘယ်လောက်ရှိဖို့ လိုအပ်လဲဆိုတာလည်း မသေချာဘူး။ စမ်းသပ်ချက်တွေမှာ booster ရဲ့အာနိသင် ဘယ်လောက်ရှိတယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရဘူး"လို့ နယူးယော့ခ်ရှိ အဏုဇီဝနဲ့ ရောဂါခုခံအားဆိုင်ရာကောလိပ်မှ ပရော်ဖက်ဆာဂျွန်မိုးက အီးမေးလ်တစ်ခုမှာ ပြောထားပါတယ်။ဆေးပမာဏ ၅၀ မိုက်ခရိုဂရမ်ပါဝင်ပြီး ပုံမှန်ကာကွယ်ဆေးပမာဏရဲ့ တဝက်သာရှိတဲ့ booster ထိုးဆေးကို ခွင့်ပြုချက်ရရှိဖို့ မိုဒါနာက တောင်းဆိုထားပါတယ်။

မိုဒါနာကုမ္ပဏီက အသက် ၆၅ နှစ်နဲ့အထက်လူကြီးများနဲ့ ကူးစက်နိုင်ခြေမြင့်မားတဲ့ လူတွေကို တတိယအကြိမ်ကာကွယ်ဆေးထိုးနိုင်ရန် တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ရဲ့အုပ်ချုပ်ရေးအဖွဲက အရွယ်ရောက်ပြီးသူအများစု booster ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကို ဒီနှစ်အစောပိုင်းမှာ ကြေညာထားပေမယ့် အားလုံးအတွက် လုံလုံလောက်လောက် ရှိမရှိဆိုတာကတော့ မသေချာဘူးလို့ နောက်ပိုင်းမှာ FDA မှသိပ္ပံပညာရှင်အချို့က The Lancet ဂျာနယ်မှာ ပြောသွားပါတယ်။

"ဖိုင်ဇာကာကွယ်ဆေးဆိုရင် booster ထိုးရာကနေ ကာကွယ်ဆေးအကျိုးအာနိသင် အပြည့်အဝရရှိစေတာကြောင့် ဖိုင်ဇာနဲ့ယှဉ်ရင် တော်တော်လိုအပ်နေသေးတယ်" လို့ ကယ်လီဖိုးနီးယားမှ မော်လီကျူးဆေးပညာပရော်ဖက်ဆာ ဒေါက်တာအဲရစ်တိုပေါလ်က ဆိုပါတယ်။
Source Reuters