#World_Health
Published 15 February 2023

 

တစ်နေ့ကို ကော်ဖီ ၃ ခွက်နဲ့အထက် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ပင်မသွေးပေါင်ချိန်တို့ကို လျော့ကျစေနိုင်ကြောင်း Nutrients ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

ထိုသွေးပေါင်ချိန်တွေက သွေးကြောတောင့်တင်းခြင်းနဲ့ အိုမင်းခြင်းတို့ကို ဖော်ပြနေတဲ့ အမှတ်အသားတွေဖြစ်ကြောင်း ဘိုလော့ဂ်နာတက္ကသိုလ် ဆေးပညာနှင့် ခွဲစိတ်သိပ္ပံဌာနမှ ဦးဆောင်စာတမ်းပြုစုသူ ပရော်ဖက်ဆာဒေါက်တာ 'အာရီဂိုအက်ဖ်ဂျီစီဆာရို'က ဆိုပါတယ်။

 

အသက်အရွယ်ကြီးတဲ့ သွေးတိုးသမားတွေမှာ သွေးကြောကြီးတွေက တောင့်တင်းလာပြီး အပေါ်သွေးတိုးကာ အပေါ်သွေးအောက်သွေးကွာခြားချက် များလာစေပါတယ်။

 

သွေးပေါင်ချိန်ပေါ်မှာ ကော်ဖီသက်ရောက်မှုက အငြင်းအခုန်ဖြစ်နေဆဲဖြစ်ပြီး အရင်ကလေ့လာချက်တွေမှာတော့ ကဖင်းဓာတ်က ခဏတာလောက် သွေးပေါင်ချိန်တက်စေပါတယ်။

 

ဒါပေမဲ့ ကော်ဖီထဲက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးကြောကျယ်စေပြီး ဆဲလ်တွေကို ကာကွယ်ပေးတယ်လို့ တွေ့ရှိလာပါတယ်။
စီဆာရိုနဲ့အဖွဲ့က အမျိုးသား ၇၂၀ နဲ့ အမျိုးသမီး ၇၈၃ ဦးတို့ကို စမ်းသပ်လေ့လာခဲ့ပါတယ်။

 

အချက်အလက်သုံးသပ်ချက်များအရ ကော်ဖီသောက်ခြင်းဖြင့် သွေးပေါင်ချိန်လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ကော်ဖီသောက်လေ့မရှိတဲ့သူတွေမှာ ကဖင်းဓာတ်က သွေးပေါင်ချိန်တိုးစေနိုင်ပေမယ့် ကော်ဖီမှာပါတဲ့ ဇီဝဒြပ်ပေါင်းတွေက တန်ပြန်သက်ရောက်စေကြောင်း တက္ကဆပ်နည်းပညာတက္ကသိုလ်မှ ဒေါက်တာ'ဒီဘာဘရာတာမူခါဂျီ'က ရှင်းပြခဲ့ပါတယ်။

 

သွေးတိုးရှိပြီး ကော်ဖီပုံမှန်သောက်နေကျလူတွေကတော့ ထိုပမာဏအတိုင်း ဆက်လက်သောက်သုံးနေပါက သွေးပေါင်ချိန်ကို အကျိုးရှိစေနိုင်ပါတယ်။

 

Source: Healthline
#Yangon_Media_Group