#World_Health
Published 15 February 2023

 

ကလေးငယ်များရဲ့ ကျန်းမာရေးမှတ်တမ်းများဖြင့် အယ်လ်ဂိုရစ်သမ်ဖန်တီးပြီး ပထမဆုံးလသားအရွယ်မှာပင် အထီးကျန်စိတ်ဝေဒနာ(အော်တစ်ဇင်)ဖြစ်နိုင်ချေ လက္ခဏာများကို တွေ့ရှိနိုင်မှာဖြစ်ကြောင်း အမေရိကန်ဒုခ်တက္ကသိုလ်က လေ့လာတွေ့ရှိထားပါတယ်။

 

အော်တစ်ဇင်ဖြစ်နိုင်ချေအတွက် ဆက်လက်စစ်ဆေးခံရမယ့် မွေးကင်းစကလေးတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပုံစံတွေ အတော်လေးကွဲပြားပါတယ်။

 

ကလေးဘဝရဲ့ အစောဆုံးရက်တွေမှာ အော်တစ်ဇင်ဖြစ်နိုင်ချေလက္ခဏာများ တွေ့တယ်ဆိုရင် ကလေးအထူးကုတွေနဲ့ ကလေးမိဘတွေ အထူးဂရုပြုမိပြီး လျင်မြန်စွာကုသနိုင်မှာဖြစ်ပါတယ်။

 

၂၀၀၆ နဲ့ ၂၀၂၀ အတွင်း ဒုခ်တက္ကသိုလ်ကျန်းမာရေးစနစ်မှ မွေးကင်းစကလေးငယ်ပေါင်း ၄၅,၀၀၀ ရဲ့ အီလက်ထရွန်နစ်ကျန်းမာရေးမှတ်တမ်းများကို အခြေခံလေ့လာခဲ့တာဖြစ်ပါတယ်။

 

ထိုမှတ်တမ်းတွေကို စက်ပစ္စည်းတွေကနေ လေ့လာသင်ယူမှတ်သားတဲ့ပုံစံပြုလုပ်ခဲ့ပါတယ်။

 

နောက်ဆုံးမှာတော့ သူတို့ရဲ့အယ်လ်ဂိုရစ်သမ်က အော်တစ်ဇင်ဖြစ်နိုင်ချေရှိတဲ့ကလေးတွေကို ခန့်မှန်းနိုင်ခဲ့ပါတယ်။

 

ဒီတွေ့ရှိချက်ကို ဆက်လက်လေ့လာပြီး အတည်ပြုနိုင်ရင် အခြားစမ်းသပ်ရေးကိရိယာတွေ၊ ဆေးစစ်ချက်တွေနဲ့အတူ အယ်လ်ဂိုရစ်သမ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

အော်တစ်ဇင်က ဦးနှောက်ချို့ယွင်းတာသက်သက်မဟုတ်ဘဲ တစ်ကိုယ်လုံးရှိ အစာခြေစနစ်၊ အိပ်စက်ခြင်း၊ အာရုံကြော၊ အမြင်အာရုံပြဿနာတို့နဲ့ပါ သက်ဆိုင်နေပါတယ်။

 

အော်တစ်ဇင်ဝေဒနာက လူမှုပေါင်းသင်းဆက်ဆံပြောဆိုရေးတို့မှာ အခက်အခဲရှိပြီး အတွေးအခေါ် အပြုအမူများ အကန့်အသတ်ရှိခြင်း ထပ်တလဲလဲဖြစ်ခြင်း စတဲ့ အာရုံကြောလက္ခဏာများဖြစ်ကာ ကလေး ၃ နှစ်မှ ၄ နှစ်အတွင်းမှာ ရောဂါရှိကြောင်း တွေ့ရှိရတတ်ပါတယ်။

 

ရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတယ်။

 

အော်တစ်ဇင်သုတေသီတွေက အသက် ၆ လအရွယ်ကလေးများမှာပင် ကုသကူညီနိုင်အောင် နည်းလမ်းများဖန်တီးနေပြီး ကလေးငယ်များ ပေါင်းသင်းဆက်ဆံတတ်ရန် မိဘတွေကို နည်းစနစ်တွေ သင်ပြပေးမှာဖြစ်ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group