Published 14 Feb 2023

အိန္ဒိယနိုင်ငံ ဒေလီနှင့် မွမ်ဘိုင်းမှာရှိတဲ့ ဘီဘီစီအသံလွှင့်ဌာနရဲ့ရုံးတွေကို အိန္ဒိယ ဝင်ငွေအခွန်ဋ္ဌာနက အခွန်ရှောင်တာတွေကို ဖော်ထုတ်တဲ့အနေနှင့် ဒီကနေ ဖေဖော်ဝါရီ ၁၄ရက်မှာ စီးနင်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁၁နာရီ ၂၀မိနစ်မှာ ဝင်င္ခေအခွန်ဋ္ဌာနအဖွဲ့ဟာ ဒေလီမှာရှိတဲ့ ဘီဘီစီရုံးကို စီးနင်းခဲ့ပါတယ်။အဲဒီ ရှာဖွေမှုတွေပြုလုပ်နေစဉ်အတွင်း ဘီဘီစီးရုံးကို ပိတ်ဆို့ထားခဲ့ပါတယ်။

ဌာနအနေနှင့် စီးပွားရေးလုပ်ငန်းလည်ပတ်နေတဲ့ စာရွက်စာတမ်းတွေ၊ အိန္ဒိယစစ်တပ်နှင့်ဆက်စပ်တဲ့ စာရွက်စာတမ်း တွေကိုသာ ရှာဖွေခဲ့တာဖြစ်တယ်လို့ အခွန်အရာရှိတွေက ပြောပါတယ်။ ရှာဖွေရာမှာလည်း လုပ်ငန်းလုပ်နေတဲ့ ရုံးကိုသာ ဖြစ်ပြီး အိမ်တွေနှင့် အခြားသောနေရာတွေမပါခဲ့ပါဘူးလို့လည်းဆိုပါတယ်။

လူ ၆၀နှင့် ၇၀အကြားရှိတဲ့ အဲဒီအခွန်အဖွဲ့ဟာ ဘီဘီစီဝန်ထမ်းတွေကို ဖုန်းတွေပြောဆိုခြင်းမပြုကြဖို့နှင့် ရှာဖွေ မှုမပြီးမချင်း မည်သည့်အသေးစိတ်အခြေအနေတွေ မျှဝေတာမလုပ်ကြဖို့ မှာကြားခဲ့ကြပါတယ်။

ရှာဖွေမှုပြီးတဲ့အချိန်မှာတော့ ဖုန်းတွေအားလုံးကို ဝန်ထမ်းတွေဆီပြန်ပေးခဲ့ပါတယ်။

ဘီဘီစီက ၂၀၀၂ခုနှစ် ဂူဂျာရတ်အထိကရုဏ်း အပိုင်းနှစ်ပိုင်းပါ သတင်းကားကို ထုတ်လွှင့်ပြသခဲ့ပြီး ရက်အနည်း ငယ်အကြာမှာ အခုလို စီးနင်းရှာဖွေခံရတာဖြစ်ပါတယ်။

Source WION

#BBC_India

#India
#Gujarat_riots.