#WorldHealth

 

++++++++++++++++++++

Published 10 October 2021

စင်္ကာပူနိုင်ငံက တခြားနိုင်ငံမှ လာရောက်မယ့်သူတွေအတွက် ကွာရန်တင်းဝင်စရာမလိုဘဲ ဝင်ခွင့်ပေးတော့မှာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေရဲ့ အချက်အချာနေရာဖြစ်ခဲ့တဲ့ အရင်အခြေအနေကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ကိုဗစ်ရောဂါပိုးရှိလျက်နှင့်ပင် ပုံမှန်အတိုင်းပြန်လည်ဖြစ်တည်ဖို့ ပြင်ဆင်လာပါတယ်။

 

အောက်တိုဘာ ၉ ရက်နေ့ကစပြီး ဗြိတိန် ပြင်သစ် စပိန် အမေရိကန်နိုင်ငံတို့ အပါအဝင် နိုင်ငံ ၈ နိုင်ငံမှ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသား ခရီးသွားတွေကို ကွာရန်တင်းဝင်စရာမလိုဘဲ

ကိုဗစ်ရောဂါစစ်ဆေးမှုအောင်မြင်ပါက စင်္ကာပူမြို့တော်သို့ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်တယ်လို့ အစိုးရအဖွဲ့က စနေနေ့မှာ ပြောသွားပါတယ်။

 

ဒါဟာ နိုင်ငံတကာနဲ့ ပြန်လည်ချိတ်ဆက်ဖို့ စင်္ကာပူက ခြေလှမ်းပြင်လိုက်တာဖြစ်ပါတယ်။

 

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခရီးသွားလာမှုအများဆုံးနဲ့ စီးပွားရေးအချက်အချာ

အကြီးမားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

 

စင်္ကာပူနိုင်ငံကို အမှီပြုပြီး နိုင်ငံတကာကုမ္ပဏီပေါင်း ထောင်ပေါင်းများစွာ အခြေချထားကြတာဖြစ်ပါတယ်။

လူဦးရေ ၅.၄၅ သန်းရှိတဲ့ စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်သူ နေ့စဉ် ၃၀၀၀ ကျော်ရှိနေပေမယ့်လည်း အများစုက ရောဂါမပြင်းထန်ကြပါဘူး။

 

လူဦးရေရဲ့ ၈၃ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးနှံခြင်း ပြီးမြောက်ခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထိုးနှံနှုန်းအများဆုံးတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

 

စင်္ကာပူမှာ ကူးစက်မှုတွေ ရှိနေတဲ့တိုင်အောင် အခြေအနေတွေတည်ငြိမ်တဲ့အခါ ထိန်းချုပ်ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးပြီး ပုံမှန်အတိုင်းပြန်လည်နေထိုင်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်တုန်းက နှာခေါင်းစည်းဝတ်စေခြင်း ရောဂါပိုးတွေ့ရှိက ခြေရာခံလိုက်ခြင်း သွားလာခွင့်ကန့်သတ်ခြင်းတို့ဖြင့် ရောဂါပိုးကိုထိန်းချုပ်ထားခဲ့ရာ "ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ အနည်းဆုံး ၃ လ ဒါမှမဟုတ် ၆ လလောက်အထိ ကြာရင်လည်း ကြာသွားနိုင်တယ်"လို့ လီက ကြေညာထားပါတယ်။

 

ဗုဒ္ဓဟူးနေ့ကစပြီး ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို စည်းကမ်းပိုမိုတင်းကျပ်သွားမှာဖြစ်ပြီး အဆောက်အဦ စင်တာထဲ ဝင်ရောက်သွားလာခြင်းနဲ့ နိုင်ငံအနှံ့ရှိ စားသောက်ဆိုင်များမှာ စားသောက်ခြင်းတို့ကို တားမြစ်သွားမှာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးသားသူတွေကို သွားလာခွင့်ပေးမယ့်အစီအစဉ်ဟာ စက်တင်ဘာလမှာစတင်ခဲ့ပြီး ဂျာမနီ ဘရူနိုင်းတို့ပါဝင်လာခဲ့ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံကတော့ နောက်လမှာပါဝင်လာမှာဖြစ်ပါတယ်။

 

ကာကွယ်ဆေးထိုးပြီးသားသူ ၃၀၀၀ ခန့် နေ့စဉ်သွားလာဝင်ရောက်နိုင်မှာဖြစ်ပေမယ့်

၂၀၁၉ ခုနှစ်က ခရီးသွားလာသူပေါင်း ၁၉.၁ သန်းနဲ့ယှဉ်ရင်တော့ အတော်ကွာခြားနေပါသေးတယ်

အချို့အာရှနိုင်ငံကြီးတွေကိုတော့ သွားလာခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

 

ကာကွယ်ဆေးအောင်ထားတဲ့သူတွေ သွားလာနိုင်မယ့်လမ်းကြောင်းတွေကို မြို့ ၁၄ မြို့အထိ ချဲ့ထွင်ထားတယ်လို့ Singapore Airlines က ထုတ်ဖော်ပြောကြားသွားပါတယ်။

 

ကာကွယ်ဆေးတိုးမြှင့်ထိုးနှံခြင်းဟာ ကူးစက်မြန်တဲ့ရောဂါပိုးကို ပိုမိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

"တတ်နိုင်သမျှ ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိဖို့ သတိထားစရာရှိတာထားပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်။ ကိုဗစ်ရောဂါကြောင့် အကြောက်တရားဖုံးလွှမ်းမသွားအောင် ကြိုးပမ်းသွားကြမယ်"လို့ လီက ဆိုပါတယ်။

 

Source REUTERS