+++++++++++++++++++++++++

Published 10 Oct 2021

L-410 ရုရှားလေယာဉ်တစ်စီး  အောက်တိုဘာ ၁၀ရက် တနင်္ဂနွေနေ့က တာတာစတန်ဒေသက မြို့တစ်မြို့အနီးပျက်ကျခဲ့ရာ လူ၁၆ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ အာရ်အင်န်အေ သတင်းအေဂျင်စီက သတင်းရေးသားပါတယ်။

လေယာဉ်ဟာ လေထီးခုန်သမားတစ်ဖွဲ့ကို တင်ဆောင်လာတာဖြစ်တယ်လို့ အရေးပေါ်လုပ်ငန်းများ ဝန်ကြီးဌာနက ပြောတယ်လို့လည်း တာ့စ်သတင်းအေဂျင်စီကပြောပါတယ်။ အချို့သူတွေကို လေယာဉ်ပျက်ထဲကနေ အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့တယ်လို့လည်းသတင်းကဆိုပါတယ်။

လေယာဉ်ဟာ တာဘိုလက် L-410 အမျိုးအစား စက်နှစ်လုံးတပ်လေယာဉ်ဖြစ်ပြီး ခရီးတိုသယ်ယူပို့ဆောင်ရေး အမျိုးအစား လေယာဉ်ဖြစ်ပါတယ်။

ရုရှားလေကြောင်းလုံခြုံရေးစံနှုန်းတွေဟာ ဒီနှစ်ပိုင်းအတွင်းတိုးတက်လာပေမယ့်  နယ်စွန်ဖျားမှာ သက်တမ်းအိုနေတဲ့ လေယာဉ်တွေ မတော်တဆမှုတွေဟာ မထူးဆန်းသလိုဖြစ်နေပါတယ်။

ပြီးခဲ့တဲ့လက ရုရှားအရှေ့ဖျားဒေသမှာ သက်တမ်းအိုနေပြီဖြစ်တဲ့ L-410 လေယာဉ်ပျက်ကျလို့ လူ(၆)ဦးသေဆုံးခဲ့ရပါတယ်။ ဇူလိုင်လတုန်းကလည်း အန်တိုနော့ဗ် An-26 စက်နှစ်လုံးတပ် တာဘိုပရော့ပ်လေယာဉ်ဟာ ကမ်ချက်ကာဒေသမှာ ပျက်ကျလို့ လေယာဉ်ပေါ်လိုက်ပါလာသူ ၂၈ဦးလုံး သေဆုံးခဲ့ရပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။

Source Reuters