Published 18 Jan 2023

ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်အပြင်ဖက် မူကြိုကျောင်းတစ်ကျောင်းအနီး ရဟတ်ယာဉ်တစ်စီးပျက်ကျတဲ့အတွက် ယူကရိန်းပြည်ထဲရေးဝန်ကြီး၊သူ့လက်ထောက်နှင့် အခြား အရာရှိကြီးတွေအပါအဝင် (၁၈)ဦးသေဆုံးသွားပါတယ်။

လူ(၂၀)ဦးဒဏ်ရာရရှိသွားပြီး ဆေးရုံကိုပို့ဆောင်ပေးလိုက်ရပါတယ်။ အဲဒီ့အထဲမှာ ကလေးငယ်(၁၀)ဦးလည်းပါဝင်ပါတယ်။

သေဆုံးသူတွေအထဲ ပြည်ထဲရေးဝန်ကြီး ဒီနီးစ်မွန်နာစတိုင်စကီးနှင့် ဒုတိယဝန်ကြီး ယက်ဂျင်နစ်ယေနင်၊ ယူကရိန်း နှင့်ပြည်ထဲရေးဝန်ကြီးဌနာ ထိပ်တန်းအရာရှိတော်တော်များများ ပါဝင်သွားတယ်လို့ ရဲချုပ် အစ်ဂေါကလိုင်မင်ကိုရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အရေးပေါ်ဌာနရဲ့ ရဟတ်ယာဉ်တစ်စီး ဘရိုဗာရီမှာပျက်ကျခဲ့ပါတယ်။ ပျက်ကျမှုကြောင့် ပြည်ထဲရေးဝန်ကြီးသေဆုံးသွားရပါတယ်လို့  ကလိုင်မင်ကိုကပြောပါတယ်။ ပြည်ထဲရေးဝန်ကြီး မွန်နာစတိုင်စကီး ၂၀၂၁ခုနှစ်မှာ ဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ ကလေး(၂)ဦးရဲဖခင်ဖြစ်ပြီး သေဆုံးချိန်မှာ  အသက် ၄၂နှစ်အရွယ်ရှိပါပြီ။ သေဆုံးသူတွေထဲမှာ ကိဗ်ဒေသအုပ်ချုပ်ရေးမှူး အိလက်စီကူလေဘာနှင့် ကလေးသုံးဦးလည်းပါဝင်တယ်လို့ နောက်ထပ်တိုးသတင်းတွေအရသိရါတယ်။

ရဟတ်ယာဉ်ပျက်ကျချိန်မှာ  မူကြိုကျောင်းမှာ ကလေးငယ်တွေနှင့် ဝန်ထမ်းတွေရှိနေကြပါတယ်။

Source Agencies

#Helicopter_Crash_Ukraine

#Ukraine_ interior_minister_died-in_helicopter_crash

#Denys_Monastyrsky