#World_Health
Published 18 January 2023

 

စိတ်အားငယ်တဲ့အခါမျိုး၊ စိတ်ဖိစီးတဲ့အခါမျိုး၊ အသည်းကွဲတဲ့အခါမျိုးမှာ မိမိကိုယ်ကို ပျော်ရွှင်အောင် အစားစားကြတာဟာ ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

 

ပြင်သစ်ရှိ နန်စီတက္ကသိုလ်ဆေးရုံမှ သုတေသီများက လူ ၁,၁၀၉ ဦးကို စိတ်ခံစားချက်အရ စားသောက်ကြသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။

 

ထိုလူတွေရဲ့ နှလုံးသွေးကြောထိခိုက်မှုတွေကို မှတ်သားထားခဲ့ရာ စိတ်ခံစားချက်ကြောင့် စားသုံးခြင်းဟာ သွေးကြောကျဉ်းစေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

 

ဆာလောင်စိတ်ကြောင့်ဆိုတာထက် စိတ်ဖိစီးမှုကြောင့် စားသုံးဖြစ်ကြပြီး ဆာလောင်စိတ်၊ ပြည့်တင်းစိတ်တို့ကို သတိမထားမိကြတော့ကြောင်း ဒေါက်တာ'ဆန်ဒရာဝက်ဂ်နာ'က ဆိုပါတယ်။

 

ထိုကဲ့သို့စားသုံးခြင်းဖြင့် နှလုံးသွေးကြောပြဿနာတွေ ဖြစ်စေနိုင်ပေမယ့် ကယ်လိုရီများပြားစွာ စားမိတာက အဓိကပြဿနာဖြစ်နေပါတယ်။

 

စိတ်ခံစားချက်ရှိတဲ့အချိန်မှာ စားမိတာကြောင့် စားသင့်တဲ့အချိန်မှာ မစားမိကြတော့ပါဘူး။

 

ဒီအလေ့အကျင့်ကို ပြုပြင်ဖို့ကတော့ စားတဲ့အခါ စိတ်ကထဲမှတ်ပြီး စားသင့်တာပါပဲ။

 

ဒီအလေ့အကျင့်က စားတဲ့အချိန်သတ်မှတ်ပြီး တစ်ဦးတည်းဖြစ်ဖြစ်၊ လူအများနဲ့ဖြစ်ဖြစ် တီဗီ၊ ဖုန်းမကြည့်ဘဲ စားသုံးတာမျိုးဖြစ်ပါတယ်။
လမ်းလျှောက်ခြင်းနဲ့ လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေ‌လျော့စေနိုင်ပါတယ်။

 

တစ်နေ့ကို ၁၀ မိနစ်မျှ တရားထိုင်ခြင်း၊ အသက်ရှူထုတ်ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျစေကာ အာရုံစူးစိုက်နိုင်စေမှာဖြစ်ပါတယ်။

 

Source: New York Post
#Yangon_Media_Group