#World_Health
Published 18 January 2023

 

ကျောက်ကပ်က လက်သီးဆုပ်အရွယ်အစားခန့်ရှိတဲ့ အင်္ဂါ ၂ ခုဖြစ်ပြီး နံရိုးအိမ်အောက် ကျောရိုးမကြီးရဲ့ တစ်ဖက်တစ်ချက်မှာ တည်ရှိပါတယ်။

 

ကျောက်ကပ်က ဆီးစွန့်တဲ့အလုပ်အပြင် အခြားအလုပ်တွေများစွာ ရှိနေပါတယ်။

 

သွေးပေါင်ချိန်ထိန်းညှိပေးတယ်၊ ဗိုက်တာမင်-ဒီနဲ့ ဟော်မုန်းအများအပြား ထုတ်လုပ်တယ်၊ သွေးနီဥထုတ်လုပ်မှုကို လှုံ့ဆော်ပေးတယ်၊ ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ အက်ဆစ်-ဘေ့စ်ကို ထိန်းညှိပေးတယ်၊ ချုံပြောရရင် ခန္ဓာကိုယ်ရဲ့ ဓာတုဓာတ်ပစ္စည်းစက်ရုံတွေလိုပါပဲ။

 

ဒါပေမဲ့ ကျောက်ကပ်မကောင်းရင် ဘယ်လိုသိနိုင်မလဲ၊ ကျောက်ကပ်ကောင်းမွန်အောင် ဘယ်လိုထိန်းသိမ်းသင့်သလဲ?

 

ကျောက်ကပ်မကောင်းတဲ့အခါ နာကျင်တာမျိုးနဲ့ ခံစားရတဲ့လက္ခဏာတွေ မပေါ်တာကြောင့် မသိရှိကြတာများပါတယ်။

 

ကျောက်ကပ် အလုပ်ကောင်းကောင်းလုပ်လားဆိုတာသိရဖို့ ဆရာဝန်နဲ့ ပြသသင့်တဲ့အပြင် ဆီးစစ်ဆေးခြင်းများ ပြုလုပ်သင့်ပါတယ်။

 

အယ်ဗျူမင်ဟာ သွေးထဲက ပရိုတိန်းဓာတ်ဖြစ်ပြီး အရည်တွေကို သွေးထဲကမထွက်သွားအောင် ထိန်းသိမ်းပေးပါတယ်။

 

ကျောက်ကပ်က သွေးကိုစစ်ယူပြီး အညစ်အကြေးတွေကို ဆီးကနေတဆင့် စွန့်ပစ်ပေးပါတယ်။

 

ကျန်းမာတဲ့ကျောက်ကပ်တွေက ပရိုတိန်းတွေနဲ့ အခြားအဟာရဓာတ်များကို မဖယ်ရှားတာကြောင့် ဆီးထဲမှာ အယ်ဗျူမင်ပါလာပါက ကျောက်ကပ်ထိခိုက်တဲ့လက္ခဏာဖြစ်ပါတယ်။

 

စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ခရီအိတ်တနင်တွေ သွေးထဲမှာများပြားလာတာကလည်း ကျောက်ကပ်လုပ်ဆောင်ချက် ပျက်စီးလာတဲ့လက္ခဏာ ဖြစ်ပါတယ်။

 

ကျောက်ကပ်ပြဿနာတွေ ဖြစ်မလာစေရန် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ စားသုံးပေးဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

 

ကျောက်ကပ်ရောဂါအတွက် အဆိုးဆုံးအန္တရာယ်က ဆီးချိုဖြစ်ပါတယ်။
ကျောက်ကပ်ကောင်းဖို့အတွက် ကိုယ်အလေးချိန်ထိန်းသိမ်းရန်လိုပြီး အငံဓာတ်နည်းစွာ စားသုံးရမှာပါ။

 

ပိုတက်ဆီယမ်နည်းပါးစွာ စားသုံးခြင်းကလည်း ကျောက်ကပ်ရောဂါအတွက် အထောက်အကူဖြစ်စေပါတယ်။

 

သွေးပေါင်ချိန်တက်ခြင်းကလည်း ကျောက်ကပ်ထိခိုက်စေတဲ့ အန္တရာယ်ဖြစ်ပြီး ဆားပမာဏမြင့်မားစွာ စားသုံးခြင်းဖြင့် သွေးပေါင်ချိန်တက်စေပါတယ်။

 

အရက်သေစာအလွန်အကျူးသောက်သုံးခြင်းကလည်း ကျောက်ကပ်ကိုထိခိုက်စေပါတယ်။

 

ရေများများသောက်ခြင်းက ကျောက်ကပ်အတွက်ကောင်းတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတော့ မတွေ့ရှိထားပါဘူး။

 

Source: South China Morning Post
#Yangon_Media_Group