#WorldHealth

++++++++++++++++++++

Published_9 Oct  2021

အစ္စရေးမှာ ပြည်သူတွေ ကိုဗစ်ရောဂါရှိ မရှိ စစ်ဆေးလိုရမယ့် တံထွေးဖြင့်စမ်းသပ်တဲ့ PCR test အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း တိုင်းပြည်အတွင်း သေဆုံးမှုနှုန်းကျဆင်းလာမှုနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်သတင်းအချက်အလက်နဲ့ အသိပညာပေးစင်တာ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘာအီလန်တက္ကသိုလ်တို့မှ ကြေညာလိုက်ပါတယ်။ဒီစမ်းသပ်စစ်ဆေးမှုက ၄၅ မိနစ်မျှကြာမြင့်ပါတယ်။

အစ္စရေးအပါအဝင် တကမ္ဘာလုံးမှာအသုံးပြုနေတဲ့ ပုံမှန် PCR test ကတော့ နှာခေါင်းပါးစပ်မှ နမူနာအသားစယူရတာဖြစ်ပြီး အဖြေရရှိဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပူးပေါင်းပါဝင်ထောက်ပံ့မှုနဲ့အတူ ဘာအီလန်တက္ကသိုလ်မှ ဒေါက်တာအာမိုစ်ဒန်နီယယ်လီက ဒီ saliva test ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ဒီ test ဟာ ပုံမှန်အသားစ ယူသုံးရတဲ့ test တွေအတိုင်း တိကျမှန်ကန်ပါတယ်။

တယ်လ်အေဗစ်ရှိ ရေဘင်ပန်းခြံမှာပြုလုပ်မယ့် စမ်းသပ်စစ်ဆေးမှုဟာ နှစ်ပတ်ကြာအောင် ရှိနေမှာဖြစ်ပါတယ်။ စမ်းသပ်ခံမယ့် အသက်အရွယ်ပေါင်းစုံလူတွေက ပုံမှန် test ရော saliva test ကိုပါ စစ်ဆေးခံရမှာဖြစ်ပါတယ်။ ၂၃၆၉ ဦးတို့ဟာ ဗုဒ္ဓဟူးနေ့မှာ အစမ်းသပ်ခံမှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ ၁၁၁၀၀၀ ဦးရဲ့ ၂.၃% ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်က ရောဂါပြင်းထန်လူနာ ၇၃၁ ဦးရှိရာကနေ အခုအခါ ၄၇၅ ဦးအထိ လျော့နည်းလာပါတယ်။ Channel 12 မှပေးပို့တဲ့သတင်းတစ်ခုအရ အဆုတ်နှလုံးအစားထိုးစက်တွေ အသုံးပြုနေရတဲ့ အရေးကြီးလူနာတွေအရေအတွက်ဟာ ၅၈ ဦးအထိ စံချိန်တင်ရှိလာပြီဖြစ်ပြီး တချို့ဆေးရုံတွေမှာ အခက်အခဲတွေရှိလာပြီဖြစ်ပါတယ်။

ထိုလူနာတွေထဲမှ ၉၀ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးမထိုးနှံရသေးသူတွေဖြစ်ပြီး ၅ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးနှံဖိုစီစဉ်နေကြကာ ကျန် ၅ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးပြီးသော်လည်း booster မထိုးရသေးသူတွေဖြစ်ပါတယ်။စတုတ္ထလှိင်းဖြစ်စဉ်မှာ ကူးစက်သူ ၈ သောင်းခန့်ရှိရာကနေ လက်ရှိမှာတော့ ၃၃၀၀၀ ခန့်သာ ရှိတော့တာဖြစ်ပါတယ်။

ရောဂါကူးစက်မှုအခြေအနေတွေ တိုးတက်ကောင်းမွန်လာတာကြောင့် လာမယ့်ရက်တွေမှာ သောကြာနေ့ကစပြီး နိုင်ငံခြားသားတွေ စိတ်ဝင်စားမယ့် ပွဲလမ်းအစီအစဉ်တွေမှာ ကျန်းမာရေးထောက်ခံစာ မလိုအပ်ဘဲလာရောက်နိုင်မှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာတော့ တနင်္လာနေ့ကစကာ လာရောက်နိုင်မှာဖြစ်ပါတယ်။

အောက်တိုဘာ ၁၇ ရက်မတိုင်ခင်အထိ ကျန်းမာရေးထောက်ခံစာပြသဖိုလိုတဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း ဧည့်သည်တွေအနေနဲ့ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ ဒါမှမဟုတ် ရောဂါမှသက်သာပျောက်ကင်းကြောင်း ထောက်ခံစာတို့ဖြင့် ဝင်ရောက်ပါဝင်နိုင်မှာဖြစ်တယ်လို ကျန်းမာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးကြောင်း သတ်မှတ်ချက်အသစ်အရ booster ထိုးပြီးသားသူတွေနဲ့ လွန်ခဲ့တဲ့ ၆ လအတွင်း ဒုတိယအကြိမ်ဆေးထိုးနှံသားသူတွေသာ ကျန်းမာရေးထောက်ခံစာ ရရှိမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လအတွင်းရောဂါသက်သာပျောက်ကင်းလာပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသားသူတွေလည်း ရရှိမှာဖြစ်ပါတယ်။

Source The Jerusalem Post