#WorldTech

 

+++++++++++++++++++++++++++++++++++++++++

Published 9 October 2021

အောက်တိုဘာ ၈ရက်သောကြာနေ့မှာ ဖေ့စ်ဘုတ်ခ်နှင့်ယင်းပိုင်ဆိုင်တဲ့ အက်ပလီကေးရှင်းတွေ နှစ်နာရီကျော်ကြာ ပြတ်တောက်သွားခဲ့ရာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် တစ်ကမ္ဘာလုံး ပြတ်တောက်မှုဖြစ်ပါတယ်။ အရှေ့တိုင်းစံတော်ချိန် ညနေ၃နာရီ (မြန်မာစံတော်ချိန် မနက် တစ်နာရီခွဲ)ခန့်မှာ ပြတ်တောက်ခဲ့ပြီး သုံးနာရီခွဲခန့်မှာ ပြန်လည်ရရှိခဲ့ပါတယ်။

ဖေ့စ်ဘုတ်ခ်က ယင်းနှစ်နာရီကြာပြတ်တောက်မှုအတွက် တောင်းပန်လိုက်ပြီး မှားယွင်းတဲ့ နောက်ထပ်  faulty configuration ချိန်ညှိမှုကိုပဲ အပြစ်ထပ်တင်လိုက်ပါတယ်။ ဖေ့စ်ဘုတ်ခ်အပြင် အင်စတာဂရမ်၊မက်ဆင်ဂျာနှင့် ဝတ်ခ်ပလေစ့် တွေလည်း အလားတူပြတ်တောက်ခဲ့တယ်လို့ ယင်းက အတည်ပြုပါတယ်။

“ ပြီးခဲ့တဲ့ နာရီအနည်းငယ်အတွင်း ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေအပေါ် ဝင်ရောက်ကြည့်ရှုလို့မရသူတိုင်းကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ ပြုပြင်ပြီးသွားပါပြီ။ အခုအားလုံးပုံမှန်ပြန်ဖြစ်နေပါပြီ”လို့ ဖေ့စ်ဘုတ်ခ်ကုမ္ပဏီက ကြေညာပါတယ်။

ယခုနောက်ဆုံးပြတ်တောက်မှုမှာ အချို့အသုံးပြုသူတွေဟာ အင်စတာဂရမ်ဖွင့်လို့မရဖြစ်ပြီး အချို့ကတော့ ဖေ့စ်ဘုခ် မက်ဆင်ဂျာကနေ မက်ဆေ့ချ်တွေပို့မရဖြစ်ခဲ့ကြပါတယ်။

လူတွေက တွစ်တာကို ချက်ခြင်းပြောင်းလိုက်ကြပြီး တစ်ပတ်အတွင်း ဒုတိယမြောက်ပြတ်တောက်ခြင်းကို လှောင်ပြောင်သရော်ခဲ့ကြပါတယ်။

“ ဖေ့စ်ဘုတ်ခ်ကြည့်ရတာ တစ်ပတ်ကို သုံးရက်အလုပ်ဆင်းပုံရတယ်။ တနင်္လာနေ့၊သောကြာပိတ်တယ်” လို့ တွစ်တာမှာ တစ်ဦးကရေးပါတယ်။

အစ်စတာဂရမ်က စိတ်ရှည်လက်ရှည်ရှိကြလို့ ကျေးဇူးတင်တယ်လို့ အသုံးပြုသူတွေကို ပြောပါတယ်။

တနင်္လာနေ့တုန်းကလည်း ခြောက်နာရီကျော်ကြာ ပြတ်တောက်မှုမှာ ဖေ့စ်ဘုတ်ခ်က ချိန်ညှိမှုမှားယွင်းမှုကို အပြစ်တင်ခဲ့တာပါ။

တနင်္လာနေ့ပြတ်တောက်မှုအပြီးမှာ ရုရှားအရာရှိကြီးတွေက ဒါဟာ ရုရှားကို ကိုယ်ပိုင်ဆိုရှယ်မီဒီယာပလက်ဖောင်းနှင့် ကွန်ယက်တည်ထောင်သင့်ပြီလို့ ပြသလိုက်တာပဲ လို့ပြောခဲ့ပါတယ်။ အဲဒီအပြင် ဥရောပသမဂ္ဂရဲ့ antitrust အကြီးအကဲ မာဂရက်ဗက်စတက်ဂါကလည်း အက်ပလီကေးရှင်းအကြီးကြီးတွေ အနည်းစုကို မှီခိုနေရတာကြောင့် ပြန်ပြီးရိုက်ခတ်မှုတွေကို အလေးပေးပြောဆိုခဲ့ပြီး ပြိုင်ဘက်တွေများများရှိလာဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

Source Reruters