ယူရို ၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ပင်နယ်တီလွဲချော်ခဲ့ ပေမယ့် မန်ယူအသင်းမှာတော့ ပင်နယ်တီကန်ခွင့် ဆက်ပေးသွားမှာဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၅ ပွဲကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ဘဲ နောက်ဆုံးဗိုလ်လုပွဲမှာ သွင်းယူတဲ့ ပင်နယ်တီဂိုးလည်း လွဲချော်ခဲ့ရပါတယ်။ ပင်နယ်တီလွဲချော်ခဲ့တဲ့ အင်္ဂလန်ကစားသမားတွေကို ပရိသတ်တွေက လူမှုကွန်ယက်စာမျက်နာတွေပေါ်မှာ လူမျိုးရေးခွဲခြားတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။