ကျင်းပပြီးစီးသွားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးကို ထုတ်ပြန်ကြေညာခဲ့ရာမှာ စီရော်နယ်ဒို၊ ပေါ့ဘာနဲ့ လုခ်ရှောတို့ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ စီရော်နယ်ဒိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးအဖြစ် စုစုပေါင်း ၅ ဂိုးသွင်းယူကာ ရွှေဖိနပ်ဆုကို ရရှိခဲ့ပေမယ့် UEFA က ထုတ်ပြန်တဲ့ နေရာအလိုက်အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်လာခြင်း မရှိတာပဲဖြစ်ပါတယ်။