Published 19 Sept 2021

တရုတ်နိုင်ငံအနေဖြင့် ယင်း၏ငွေကြေး ယွမ် ကို ၂၀၂၁ခုနှစ်တွင် နိုင်ငံတကာသုံးအဖြစ် ဖြည်းဖြည်းမှန်မှန်နှင့် အမြော်အမြင်ရှိရှိ တိုးမြှင့်ဆောင်ရွက်နေပြီး တရုတ်နိင်ငံပြင်ပ ယွမ်ဈေးကွက်ကို ပိုပြီးဖွံ့ဖြိုးအောင်လုပ်ဆောင်နေတယ်လို့ တရုတ်ဗဟိုဘဏ်က စနေနေ့က ပြောကြားလိုက်ပါတယ်။

၂၀၂၀ပြည်နှစ်မှာ နယ်စပ်ဖြတ်ကျော် စာရင်းရှင်းဆောင်ရွက်မှုတွေမှာ ယွမ်ငွေ ၂၈.၃၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄.၃၉ ထရီလီယံ)အထိရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် ၄၄.၃ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ တရုတ်ဗဟိုဘဏ်ရဲ့ ၂၀၂၁ ယွမ်ငွေနိုင်ငံတကာသုံး ဆောင်ရွက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
နယ်စပ်ဖြတ်ကျော် စာရင်းရှင်းမှုစုစုပေါင်းရဲ့ ၄၆.၂ ရာခိုင်နှုန်းဟာ ယွမ်အသုံးပြုခဲ့တာဖြစ်ပြီး ဒါဟာ စံချိန်တင်မြင့်တက်မှုတစ်ခု ဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။
 
နယ်စပ်ဖြတ်ကျော် နိုင်ငံခြားကုန်သွယ်ရေးဟာ မနှစ်က ၄.၈၇ ထရီလီယံယွမ်ရှိခဲ့ပါတယ်။ ၂၀၁၉နှင့် နှိုင်းယှဉ်ကြည့်တဲ့အခါ ၁၂.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
 
ဗဟိုဘဏ်က နယ်စပ်ဖြတ်ကျော် အရင်းအနှီးစီးဆင်းမှုကို တိုးမြှင့်စောင့်ကြည့်မှာ ဖြစ်ပြီး စနစ်ပိုင်းဆိုင်ရာ အန္တရာယ်တွေကို လည်း ဟန့်တားသွားမယ်လို့ ဆိုပါတယ်။

တရုတ်ဟာ ၂၀၀၉ခုနှစ်ကစပြီး ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုဆောင်ရွက်ရာမှာ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျော့ချဖို့ ယွမ်ကို ကမ္ဘာသုံးအဖြစ် တိုးမြှင့်ဖို့ ကြိုးစားနေပါတယ်။ ဒေါ်လာက ကမ္ဘာရဲ့ အဓိက အရန်ငွေကြေးဖြစ်နေတာကို စိန်ခေါ်နေ တာြဖစ်ပါတယ်။

Source : Reuters