Published 2 July 2021 

နော်ဝေးနိုင်ငံရဲ့တယ်လီနောက သူတို့ရဲ့မြန်မာနိုင်ငံလုပ်ငန်းကို ပြန်ရောင်းဖို့စီစဉ်နေတယ်လို့ TMT Finance ရဲ့သတင်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ရေးသားလိုက်ပါတယ်။ ဝယ်မယ့်သူကိုရှာဖွေနိုင်ဖို့ သူတို့က Citi ကိုအလုပ်အပ်ထားတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။ အချို့တရုတ်ကုမ္ပဏီတွေကို ဝင်ရောက်ပြိုင်ဆိုင်ဝယ်ယူဖို့ ဖိတ်ကြားထားတယ်လို့လည်း ယမန်နေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံမှာလုပ်ငန်းလုပ်ကိုင်နေတဲ့ ကာတာနိုင်ငံက အော်ရီဒူးကလည်း  ဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီကိစ္စနှင့်ပတ်သက်လို့အော်ရီဒူးက မှတ်ချက်မရသေးပါလို့ သတင်းကရေးသားထားပါတယ်။

TMTရဲ့အဲဒီသတင်းဟာ မှန်ကန်တယ်လို့ ရိုက်တာကအတည်ပြုပါတယ်။ တယ်လီနော်မြန်မာလုပ်ငန်းရဲ့ တန်ဖိုးကိုတွက်ချက်နေတုန်းဖြစ်ပြီး ဘာမှတ်ချက်မှထပ်ပေးမှာမဟုတ်ဘူးလို့ တယ်လီနော်ကပြောပါတယ်လို့ သိရပါတယ်။ တယ်လီနော်ဟာ မြန်မာနိုင်ငံမှာ အသုံးပြုသူ ၁၈သန်းခန့်ရှိထားပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ၂၀၁၄မှာရင်းနှီးမြှပ်နှံခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံသူ အကြီးဆုံးများထဲမှာ တစ်ခုဖြစ်တယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။  

Ref; Reuters Reports-1July/2 July