#World_Trade
Published - 01 January 2022


ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးသဘောတူညီချက်ကို ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်လိုက်ပြီဖြစ်ပြီး အဆိုပါသဘောတူညီချက်ကို သဘောတူလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံများအကြား ပစ္စည်းကုန်သွယ်မှုရဲ့ ၉၂ ရာခိုင်နှုန်းကို စီးပွားရေးလုပ်ငန်းများအတွက် အခွန်ဖြတ်တောက်သွားမှာဖြစ်ပါတယ်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံမှာ သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ လာအို၊ နယူးဇီလန်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။

အခွန်လွတ်သဘောတူညီချက်ကတော့ နိုင်ငံ ၁၅ နိုင်ငံကြား သက်ရောက်မှာဖြစ်ပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း မကြာခင် အတည်ပြုလက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။

အခြားအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အတည်ပြုချက်ကိုတော့ လက်ခံဖို ဆိုင်းငံ့ထားတယ်လို့ သိရှိရပါတယ်တောင်ကိုရီးယားနိုင်ငံမှာ အတည်ပြုသဘောတူလိုက်ပြီးနောက် ရက် ၆၀ ကြာတဲ့နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အဆိုပါသဘောတူညီချက်ကို စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။

RCEP သဘောတူညီချက်က တရုတ်နဲ့ဂျပန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံများအကြားမှာလည်း ပထမဆုံးအကြိမ်အဖြစ် အခွန်လွတ်ကုန်သွယ်မှုဆောင်ရွက်ဖို့ အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။ဒီသဘောတူညီချက်က စင်္ကာပူနိုင်ငံနဲ့ RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း စင်္ကာပူကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ဂန်ကင်မ်ယောင်းက ဆိုပါတယ်။

စင်္ကာပူစီးပွားရေးလုပ်ငန်းအများစုကလည်း RCEP သဘောတူညီချက်ကို အသုံးချဖို့ စိတ်ဝင်စားနေကြပါတယ်။အဲဒီသဘောတူညီချက်ဟာ လက်မှတ်ရေးထိုးခဲ့ကြပြီး တစ်နှစ်အကြာမှာ အကျုံးဝင်လာတော့မှာဖြစ်ပါတယ်။

ခက်ခဲတဲ့ကာလအတွင်း ဒေသတွင်းမှာ စီးပွားရေးပူးပေါင်းလုပ်ကိုင်ဖို့ သဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ကြမယ့်သဘောလည်းဖြစ်ပါတယ်။
"ကျန်တဲ့အဖွဲ့ဝင်နိုင်ငံအားလုံးလည်း RCEP ကို သဘောတူလက်မှတ်ရေးထိုးကြဖို့ မျှော်လင့်နေပါတယ်၊ ဒါမှ ဒီသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်" လို့ မစ္စတာဂန်က ပြောကြားလိုက်ပါတယ်။

အခွန်ပယ်ဖျက်ခြင်းအပြင် စီးပွားရေးလုပ်ငန်းတွေရဲ့ သီးခြားထုတ်ကုန်တွေအတွက် ဈေးကွက်ဦးစားပေးသွားမှာလည်းဖြစ်ကြောင်း ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက သောကြာနေ့က ဆိုပါတယ်။အဲဒီထုတ်ကုန်တွေကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့လို RCEP ဈေးကွက်ထဲမှာပါတဲ့ တွင်းထွက်လောင်စာတွေ၊ ပလတ်စတစ်တွေ၊ အခြားဓာတုပစ္စည်းတွေ၊ အမျိုးမျိုးသော အစားအသောက်ပြင်ဆင်ခြင်းပစ္စည်းတွေ၊ အဖျော်ယမကာတွေ ပါဝင်ပါတယ်။

အာဆီယံဒေသတွင်းမှာ ပိုမိုပွင့်လင်းမြင်သာတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် အထောက်အကူပြုစေမှာဖြစ်ပါတယ်။တစ်ကမ္ဘာလုံးရှိ ပြည်တွင်းအသားတင်ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၂၆ ထရီလီယံ) သက်သာလျော့နည်းစေမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှ တောင်ကိုရီးယားသို အခွန်မဲ့တင်ပို့မှုတွေက ၁၉ ရာခိုင်နှုန်းကနေ ၉၂ ရာခိုင်နှုန်းအထိ များပြားလာမှာဖြစ်ပါတယ်။
Source: The Straits Times