#WorldHealth

Published 1 October 2021

ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုဗစ်ကာကွယ်ဆေး တိုးမြှင့်ထိုးနှံပေးခြင်းကို အဆောတလျင် အရေးယူဆောင်ရွက်ရမယ့် လုပ်ငန်းအဖြစ် လုပ်ဆောင်ကြဖို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(စီဒီစီ)က တောင်းဆိုလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်သည်အုပ်စုကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှုနှုန်းဟာ နောက်မှာကျန်ရစ်နေပြီး ကိုဗစ်နှင့်ဆက်နွယ်ပြီး သေဆုံးရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အမြင့်ဆုံးအဆင့်ရောက်ရှိနေတယ်လို့ စီဒီစီက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ စီဒီစီရဲ့ လမ်းညွှန်အကြံပေးချက်အသစ်မှာ “ ကိုဗစ်ကာကွယ်ဆေးကို ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းထိုးနှံကြဖို့နှင့် ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးကရတဲ့ အကျိုးကျေးဇူးဟာ ဖြစ်နိုင်တဲ့ ဘေးအန္တရာယ်အပြစ်ထက် ပိုများနေလို့ဖြစ်တယ်လို့” စီဒီစီကပြောထားပါတယ်။

သူတို့ရဲ့လမ်းညွှန်အကြံပေးချက်ဟာ ကိုယ်ဝန်ဆောင်နေသူ ၊လက်ရှိကိုယ်ဝန်ရထားသူ တွေနှင့် ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေသူတွေ ဒါမှမဟုတ် အနာဂတ်မှာ ကိုယ်ဝန်ဆောင်သည် ဖြစ်လာမယ့်သူတွေ အားလုံးနှင့် သက်ဆိုင်တယ်လို့ ပြောပါတယ်။

တနင်္လာနေ့အထိ ကိုဗစ်ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်သည်တွေဟာ အရေအတွက်အားဖြင့် ၁၂၅၀၀၀ ကျော်ရှိနေပါတဘ်။ အဲဒီအထဲမှာ ဆေးရုံတက်ရသူ ၂၂၀၀၀ဦးနှင့် သေဆုံးသူ ၁၆၁ဦးရှိတယ်လို့ အစိုးရရဲ့ သတင်းအချက်အလက်တွေက ပြသနေပါတယ်။ သေဆုံးသူတွေထဲမှာ ၂၂ဦးဟာ ဩဂုတ်လထဲမှာ သေဆုံးခဲ့ကြ တာဖြစ်ပြီး ကပ်ဘေးအတွင်း လစဉ်သေဆုံးမှုမှာ အမြင့်ဆုံးဖြစ်ပါတယ်လို့ စီဒီစီကပြောပါတယ်။

Source Reuters