Published 14 Sept 2022

ပါးလွှာတဲ့ရှပ်အင်္ကျီ၊ခါးကိုပေါ်လွင်စေတဲ့ ဒီဇိုင်းမျိုးစုံနှင့် ၁၉၉၀ပြည့်လွန်နှစ်တွေက မက်မောဘွယ်ဖက်ရှင်တွေကို နယူးယောက် ဖက်ရှင်ရက်သတ္တပတ်ပွဲတော်မှာ ပြန်ပြီးပွဲထုတ်လာပါတယ်။

ဖက်ရှင်ဒီဇိုင်းနာ တိုရီဘတ်ချ်က အဲဒီတစ်ခေတ်တစ်ခါက ဆက်ဆီဒီဇိုင်းတွေကို တက်ဆက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ အရင်ကပြခဲ့တာတွေထက် အခုဖက်ရှင်က ပိုပြီးလိင်ဆွဲဆောင်မှုရှိတယ်လို့ ကျွန်မထင်တယ်” လို့ သူမကပြောပါတယ်။

“ ဒါဟာ အမျိုးသမီးတွေက ဝတ်ချင်ကြတဲ့ပုံစံဆိုတာ ကျွန်မတွေ့ရတယ်။ ဒါပေမယ့် ကျွန်မလည်း ကြော့ရှင်းတာ သဘောကျပါတယ်” လို့ သူမကဖြည့်စွက်ပြောပါတယ်။

#Source_AFP

#Tory_Burch

#New_York_Fashion_Week

#90s_sexy_design