Published 28 Aug 2022

ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်မှူးနှစ်ဦးဟာ ပျံသန်းနေရင်း လမ်းခုလတ်မှာ   လေယာဉ်မှုးအခန်းထဲ စကားများ ထိုးကြိတ် ကြတဲ့အတွက် နှစ်ယောက်စလုံး ရာထူးချခံကြရပါတယ်။

ဇွန်လအတွင်းက ဂျီနီဗာကနေ ပါရီကိုပျံသန်းတဲ့ ခရီးစဉ်အတွင်း လေယာဉ်မှူးနှစ်ဦးဟာ အပြန်အလှန်ထိုးကြိတ်ခဲ့ကြတာ လို့ လာ ထရင်းဗျူး သတင်းစာက သတင်းရေးပါတယ်။

ဘာကြောင့် ရန်ဖြစ်ကြသလဲဆိုတာတော့ မသိကြရပါဘူး။ ဒါပေမယ့် ဒီအပြုအမူဟာ မလျောကန်တဲ့ အပြုအမူဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရသူကပြောတယ်လို့ ဘလွန်းဘတ်သတင်းဌာနက ရေးပါတယ်။ လေကြောင်းလိုင်းဟာ အဲဒီလေယာဉ်မှူးတွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။’

ပြင်သစ်လေကြောင်းဟာ ပြီးခဲ့တဲ့ လများအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး‌ ဆောင်ရွက်မှု ချို့ယွင်းချက်တွေအပေါ် စိစစ်မှုတွေတိုးမြှင့်လုပ်ဆောင်နေရပါတယ်။

ပါရီအခြေစိုက် ပြင်သစ်လေကြောင်းလိုင်းဟာ ကိစ္စတော်တော်များများမှာ  ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်တွေကို  ပေါ့လျော့ချိုးဖောက်ခဲ့ကြတာတွေကို  ပြင်သစ် မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က  တွေ့ရှိခဲ့ကြပါတယ်။ အဲဒီအထဲမှာ ၂၀၂၀ပြည့်နှစ်က ခရီးစဉ်တစ်ခုမှာ လေယာဉ်ထွက်ခွာပြီးကာမှ လေယာဉ်ဆီကန်ထဲမှာ လောင်စာဆီ ၁.၄ တန်လျော့နည်း နေတာကိုတွေ့ရှိခဲ့ကြတဲ့ ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။

Source Business Insider

#Air_France

#Cockpit_fighting

#Aviation_safety