Published 14 Feb 2022
ကုလသမဂ္ဂ ဝန်ထမ်း(၅)ဦးဟာ စစ်ဒဏ်ခံနေရတဲ့ ယီမင်နိုင်ငံတာင်ပိုင်း မှာ ပြန်ပေးဆွဲခံရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းက တနင်္ဂနွေနေ့ကပြောလိုက်ပါတယ်။ သူတို့ငါးဦးဟာ ကွင်းဆင်းလုပ်ငန်းတွေဆောင်ရွက်ပြီးစီးလို့ အေဒင်ဆိပ်ကမ်းမြို့ကို အပြန်မှာ တောင်ပိုင်းက အေဘီယန်အုပ်ချုပ်ရေးဒေသမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီရီကန်နီကိုက ပြောပါတယ်။
Source AFP
- Category: World
- Hits: 544
#LocalNews
Published - 14 Feb 2022
ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ တမူးမြို့ အဝင်အထွက်ဂိတ်များကို ပြန်ဖွင့်ပေးဖို့ ဒေသခံများလိုလားလျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 497
#Localpolitics
#Published - 14 Feb 2022
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့သစ် နဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NSPNC တို့ ဒီလထဲမှာ တွေ့ဆုံဖို့ရှိနေတာကြောင့် နိုင်ငံရေးပါတီ ၉၀ ကျော်ပြန်လည်တွေ့ဆုံပြီး ပါတီအစုအဖွဲ့ကို ပြင်ဆင်သွားဖို့ရှိနေပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 593
#DailyNews
Published - 11 Feb 2022
၁။ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် NSPNC တို့ တွေ့ဆုံရန် ပါတီအစုအဖွဲ့ပြန်လည်ဖွဲ့စည်းမည်
၂။ တမူးမြို့ အဝင်အထွက်ဂိတ်များကို ပြန်ဖွင့်ပေးဖို့ ဒေသခံများလိုလားနေ
၃။ မိုးလဝေသ သတင်း
၄။ ဘရာဇီးလ်နိုင်ငံ၏ ဆိုလာစွမ်းအင်လုပ်ငန်းမှ အလုပ်အကိုင်အများအပြား ဖန်တီးပေးနိုင်ခဲ့.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 366
Published 13 Feb 2022
ဗာလင်တိုင်းနေ့နီးလာတာနဲ့အမျှ ဆော်ဒီရဲ့ ဆိုင်တွေမှာ အနီရောင်အဝတ်အစားတွေနှင့် အနီရောင်အတွင်းခံတွေကို ခင်းကျင်း အသားပေးတိုးမြှင့် ရောင်းချလာကြပါတယ်။ ဒါပေမယ့် တစ်ခုတော့ မြင်ကွင်းမှာ ပျောက်ကွယ်နေပါတယ်။ အဲဒါကတော့ ပွဲတော်ရဲ့ ဗာလင်တိုင်းဆိုတဲ့ အမည်ပဲဖြစ်ပါတယ်။
ရောင်းအားတွေတက်လာပြီး ဗာလင်တိုင်းလက်ဆောင်တွေဟာ ဆော်ဒီရဲ့လူငယ်လူရွယ်တွေအကြား ပိုပြီးမြင်တွေ့နေကျ ဖြစ်လာပေမယ့် ဗာလင်တိုင်း ဆိုတဲ့ အမည်ကိုတော့ ဘယ်နေရာမှာမှ မမြင်ကြရပါဘူး။
Source: AFP
- Category: World
- Hits: 733
Published -13 Feb 2022
- Category: Myanmar
- Hits: 553
Published 13 Feb 2022
ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ပြည့်နှစ်မှာ အကျဉ်းရုံးခဲ့ရပြီး ၂၀၂၁မှာ ဖျက်သိမ်းခဲ့ရတဲ့ ပြင်သစ်ရဲ့ နိစ်ကာနီဗယ်လ် Nice carnival ပွဲတော်ဟာ ယခု ဖေဖော်ဝါရီ၁၁ရက်မှာ ပြန်လည်ကျင်းပခွင့်ရခဲ့ပါပြီ။ သောကြာနေ့ကကျင်းပတဲ့ နိစ်ပွဲတော်ဖွင့်ပွဲကို လူအုပ်ကြီးတက်ရောက်ခဲ့ကြရာမှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဘယ်လိုမှဖုံးကွယ်မရအောင်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်ကျင်းပတဲ့ ပွဲတော်ဟာ ၁၃၇ကြိမ်မြောက်ပွဲတော်ဖြစ်ပြီး ပွဲတော်ကို ၁၈၇၃ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြပါတယ်။
နိစ်ကာနီဗယ် စီတန်းလှည့်လည်ပွဲတော်ဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးပွဲတော်(၃)ခုထဲက တစ်ခုဖြစ်ပါတယ်။
Source AFP
- Category: World
- Hits: 618