၂ ဧပြီ ၂၀၂၄

မြန်မာရဲတပ်ဖွဲ့က အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးကို မတ်လ ၃၁ရက်က တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့မှာ မြန်မာနှင့်တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး  တရားဥပဒေစိုးမိုးရေးအတွက် ပထမဆုံး ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာမှာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုသံသယတရားခံ ၈၀၇ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Source CCTV+