၁ ဧပြီ ၂၀၂၄

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်သို့ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်ကို ဧပြီလ(၁)ရက် နံနက် ပိုင်းတွင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ ပါဝင်ဆောင်ရွက်ပေးနေမှုများအပါအဝင် မြန်မာ့     နိုင်ငံရေးအခြေအနေများ ဆွေးနွေးခဲ့ကြပါတယ်။

နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပတဲ့ အဆိုပါတွေ့ဆုံမှုမှာ နစကအစိုးရဘက်မှ ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်ထွန်းနောင်၊ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အာရှရေး ရာအထူး ကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် အာရှရေးရာအထူးကိုယ်စားလှယ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ အနေဖြင့်  ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ မူးယစ်ဆေးဝါး  တားဆီး ကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှု  များနှင့် အွန်လိုင်းလိမ်   လည်မှုများပပျောက်စေရေးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေကို ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာရှရေးရာအထူးကိုယ်စားလှယ်သည် တရုတ်နိုင်ငံ၊ကူမင်းမြို့တွင်ကျင်းပလျက်ရှိနေသည့် မြန်မာနိုင်ငံ၏ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေး  နေသူဖြစ်ကြောင်းသိရှိရ  ပါတယ်။

-ymg/knl