၄ ဧပြီ ၂၀၂၄

တရုတ်နိုင်ငံ တောင်ပိုင်းတိုင်းတပ်ပေါင်းစုဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်တလျောက်မှာ အင်္ဂါနေ့ကမြေပြင်နှင့်ဝေဟင် ကျည် အစစ်သုံး စစ်ရေးလေ့ကျင့်ခန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေကို အင်္ဂါနေ့ မနက် ၈နာရီမှာစတင်ခဲ့ကြပြီး ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီအထိ ကြာမြင့်မယ်လို့ ရည်မှန်း ထားကြပါတယ်။ စစ်ရေးလေ့ကျင့်ရာမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ တယ်ဟုန်နှင့်ဂျင်းဖော   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့  မြို့တွေဖြစ်တဲ့ ရှီမာ၊နွန်ကျန်း၊ လောင်ပါနှင့် ကျန်ဖန်းတို့ ပါဝင်ပါတယ်လို့ တောင်ပိုင်းတိုင်း တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

Source CCTV+