၅ ဧပြီ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် Chen Hai သည် မြန်မာအတာသင်္ကြန်  အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံခေါင်းဆောင်ဟောင်းများဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)တို့ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ၍ နှစ်သစ်ကူးဂါရဝပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ထို့အပြင် တရုတ်သံရုံး ဒုတိယသံအမတ်ကြီး  Cao Jing သည် ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် မြန်မာတရုတ်ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ  ဟောင်း ဦးစိန်ဝင်းအောင်တို့ထံလည်း သွားရောက်ဂါရဝပြုခဲ့ကြောင်းသိရပါတယ်။

-ymg/knl