Published 3 May 2023

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား အလုံးစုံသော မဟာဗျူဟာမြောက်  ပူးပေါင်းဆောင်ရွက်မှု  ထပ်မံတိုးမြှင့်ဖို့ မေလ(၂)ရက် အင်္ဂါနေ့က သဘောတူခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမြို့တော်မှာ မြန်မာခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်နိင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းကန်က “ အိမ်နီးချင်းနှစ်နိုင်ငံဟာ ပေါက်ဖော်ချစ်ကြည်ရေးကို အတူတကွမျှဝေခံစားကြတဲ့ အလျောက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးဟာ အရေးကြီးအထင်ကရဖြစ်တယ်လို့ တရုတ်က စွဲမြဲထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

မျှဝေတဲ့အနာဂတ်နှင့်အတူ တရုတ်-မြန်မာအသိုက်အဝန်းကို အတူတကွလက်တွဲဆောင်ရွက်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဦးရွက်ပြုမှု၊ကမ္ဘာလုံဆိုင်ရာလုံခြုံရေးဦးစီးဦးရွက်ပြုမှုနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုတိုးတက်ရေး ဦးစီးဦးရွက်ပြုမှုတွေ အကောင်အထည်ဖော်ရာမှာ ဦးဆောင်ဖို့  တရုတ်နိုင်ငံက အဆင်သင့် ရှိနေတယ်လို့လည်း ချင်းကပြောပါတယ်။

မြန်မာနိုင်ငံဟာ တည်ငြိမ်ရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရရှိလိမ့်မယ်လို့ တရုတ်က  ရိုးသားစွာ  ယုံကြည်တယ်လို့လည်း သူကပြောပါတယ်။ အမျိုးသားအခြေအနေတွေနှင့်ကိုက်ညီမယ့် မြန်မာ့စရိုက်လက္ခဏာတွေနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတစ်ခုကို စူးစမ်းရှာဖွေတာကို တရုတ်ကထောက်ခံအားပေးတယ်လို့လည်း သူကဖြည့်စွက်ပြောကြားပါတယ်။

မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်တိုးတက်ရေးကို တရုတ်ကထောက်ခံပြီး နိုင်ငံထဲက သက်ဆိုင်တဲ့ အဖွဲ့တွေဟာ ကွဲပြားခြားနားမှုတွေကို သင့်လျော်မှန်ကန်စွာ ရင်ဆိုင်ဖြေရှင်းဖို့နှင့် အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်ကေန အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင်ဆောင်ရွက်ဖို့  တရုတ်နိုင်ငံကထောက်ခံအားပေးတယ်လို့ မစ္စတာချင်းက ဆက်လက်ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို နိုင်ငံတကာအသိုက်အဝန်းက လေးစားသင့်ကြပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးရရှိဖို့ ကူညီရာမှာ အပြုသဘောအခန်းကဏ္ဍကနေဆောင်ရွက်ပေးသင့်ကြတယ်လို့လည်းသူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုတွေ၊မှာ ကူညီဖို့ တရုတ်နိုင်ငံဖက်က အစွမ်းရှိသလောက် ဆက်လက် ကူညီပေးမှာဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကကျကျပူးပေါင်းဆောင်ရွက်နေတဲ့စီမံကိန်းတွေကိုအရှိန်မြှင့်တင် မယ်လို့ သူကဆက်လက်ပြောဆိုပါတယ်။  လယ်ယာစိုက်ပျိုးရေး၊ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် အခြားကဏ္ဍတွေရဲ့ စီံမံကိန်းတွေကို အကောင်အထည်ဖော်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။

သက်ဆိုင်တဲ့ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းမှုနှင့်အတူ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ဆက်ဆံရေးတိုးမြှင့်လာစေရေး တရုတ်ကထောက်ခံအားပေးတယ်လို့သူကပြောဆိုလိုက်ပြီး  တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေးကို အဲဒီနှစ်နိုင်ငံနှင့်အတူ တရုတ်က လက်တွဲလုပ်ဆောင်လိုတယ်လို့လည်း မစ္စတာချင်းက ပြောပါတယ်။

မြန်မာနှင့်တရုတ်နိုင်ငံတို့ဟာ သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့တာ  နှစ်ပေါင်း ၇၀နီးပါး ရှိပြီလို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပြီး နှစ်နိုင်ငံဟာ ဖွံဖြိုးတိုးတက်မှုအရှိန်ုနှင့် အသီးအပွင့်ရလာဒ်တွေကို အမြဲထိန်းသိမ်းခဲ့ကြတယ်လို့ ဆက်လက်ပြောကြားပါတယ်။

မြန်မာ-တရုတ်ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်ဖို့ နှင့် အနာဂတ်အတူတကွမျှဝေတဲ့ မြန်မာ-တရုတ် အသိုက်အဝန်းကို တက်ကြွစွာတည်ထောင်ရန် မြန်မာနိုင်ငံက တရုတ်နှင့်အတူလက်တွဲဆောင်ရွက်လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

တရုတ်နိုင်ငံက ကြီးမားတဲ့အခန်းကဏ္ဏကနေ ပါဝင်ဆောင်ရွက်မှုကိုကြိုဆိုထားတဲ့ မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ ပြဿနာအရေးကိစ္စတွေမှာ တရုတ်နိုင်ငံရဲ့ ဓမ္မဓိဋ္ဌာန်ကျပြီးဘက်လိုက်မှုကင်းတဲ့ ရပ်တည်ချက်ကို မြန်မာက ကျေးဇူးတင်တယ်လို့ ဗိုလ်ချူပ်မှူးကြီးကဖြည့်စွက်ပြောကြားပါတယ်။

မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံသားတွေနှင့် အဖွဲ့အစည်းတွေကို အကာအကွယ်ပေးရေး အထူးအရေးကြီးတယ်ဆိုတာကို မြန်မာကစွဲမြဲစွာသိရှိထားကြောင်းလည်း မြန်မာခေါင်းဆောင်ကပြောကြားပါတယ်။ နှစ်နိုင်ငံရဲ့နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရာမှာ တရုတ်ဘက်နှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာက အမြဲအသင့်ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

ချင်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းရွှေ၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။

Source CCTV

-ymg/knl

 

#တရုတ်-မြန်မာဆက်ဆံရေး

#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gang

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#YangonMediaGroup