Published 3 May 2023

တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးထိန်းသိမ်းရန်နှင့် နိုင်ငံအကြားချစ်ကြည်စွာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကြိုးပမ်းအားထုတ်ကြဖို့ တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းကန်ဟာ မေလ၂ ရက်နေ့ အင်္ဂါနေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ကို သွားရောက်စစ်ဆေးစဉ်တိုက်တွန်းပြောကြားခဲ့တယ်လို့ တရုတ်CCTVသတင်းဌာနကသတင်းထုတ်ပြန်ပါတယ်။

ယူနန်ဟာ မြန်မာနှင့်ဆက်စပ်တဲ့ အရေးကိစ္စတွေမှာ ထိပ်တန်းရှေ့ဆုံးမှာတည်ရှိတဲ့အတွက်  တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်ရေးမှာ အတုမရှိတဲ့ အခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း မစ္စတာချင်းက ပြောပါတယ်။

နယ်စပ်မျဉ်းရှင်းရှင်းလင်းလင်းရှိစေဖို့နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးထိန်းသိမ်းဖို့ ကြိုးပမ်းအားထုတ်ကြဖို့လည်း သူက ပြောပါတယ်။ ပြီးတော့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုလည်း တင်းကြပ်စွာကိုင်တွယ်ဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်၊

ရှေ့တန်းစီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးမှာ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။ အီဲဒအပြင် ပုံမှန်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်းကူးလူးဆက်ဆံရေး၊ ဝင်ပေါက်ဂိတ်တွေကို ဖွင့်နိုင်သမျှများများဖွင့်နိုင်ရေး အရေးကြီးတယ်လို့လည်း သူက အလေးပေးပြောဆိုပါတယ်။  နယ်စပ်ဖြတ်ကျော် စီးပွာရေးပူးပေါင်းဆောင်ရွက်မှုဇုံတည်ဆောက်မှုနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြ တိုးတက်မှုရှိစေရေးလည်း သူက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံခြားရေးရာကိစ္စမှာ ယူနန်အနေနှင့် နိုင်ငံတော်အခွဲအဆင့်အကျိုးရှိစွာ ကိုင်တွယ်ဆောင်ရွက်ဖို့နှင့် နယ်စပ်ဒေသတစ်လျောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရုတ်မြန်မာ ချစ်ကြည်ရေး အလုံးစုံအနေအထားကို ထိန်းသိမ်းမြှင့်တင်ဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။

#ymg/knl

 

#တရုတ်နိုင်ငံခြားရေးဝန်ကြီးတရုတ်-မြန်မာနယ်စပ်သွားရောက်

#တရုတ်-မြန်မာဆက်ဆံရေး

#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gan